ကောလင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံး

ကောလင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံးခဲ့ပြီး နှစ်ယောက် လက်နက်ကြီးစထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကသိရပါတယ်။

ဝန်းသိုမြို့နယ် ခမရ ၁၂၀ တပ်ရင်းက‌နေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဟောင်ဝစ်ဇာလက်နက်ကြီးအမျိုးအစားနဲ့ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ပထမတစ်လုံးမှာ တောင်မော်ရွာထဲက နေအိမ်တစ်လုံးကိုထိမှန်ခဲ့ပြီး နေအိမ်မှာ မီးလောင်ပျက်ဆီးသွား တယ်။ အိမ်မှာရှိတဲ့ မဂျူးဂျူးလှိုင်ထိခိုက်ဒဏ်ရာရ၊ နောက်ထပ် အမျိုးသားတစ်ယောက်လည်း ထိခိုက် ဒဏ်ရာရ သူ့အမျိုးသမီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ နှလုံးဖောက်ပြီး နေရာမှာသတိလစ် သေဆုံးသွား တယ်လို့သိရပါတယ်”လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ကဆိုပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၄၃ နှစ်အရွယ် ဒေါ်မင်းမင်းစိန်ဆိုသူဖြစ်ပြီးတော့ မကြာသေးခင်ကပဲ အလင်းဝင် လာတဲ့ Non-CDM ဆရာမတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလက်နက်ကြီးကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး နောက်ထပ်နေအိမ်တစ်လုံး ကတော့ အနည်းငယ်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ဝန်းသို ခမရ ၁၂၀ တပ်ရင်းကနေပဲ ကောလင်းမြို့ပေါ်ကရပ်ကွက်ထဲကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကလေးငယ်၂ယောက်အပါအဝင်၃ယောက်သေဆုံးခဲ့ပါသေးတယ်။

ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းသိမ်းပိုက် နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကိုထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကောလင်းမြို့ကိုပြန်ရဖို့အတွက် ဝန်းသိုမြို့နယ်ဘက်ကို အင်အားတွေ ဖြည့်တင်းတာတွေရှိသလို လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားတွေနေထိုင်တဲ့ ရွာ၊ ရပ်ကွက်တွေ ဘက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...