မြန်မာနိုင်ငံရှိထောင်များမှ စစ်ဘက်၊ရဲဘက်ပြေး ထောင်သားများကို စစ်မှုထမ်းရန်ခေါ်ထုတ်နေ

မြန်မာနိုင်ငံရှိထောင်များမှ စစ်ဘက်၊ရဲဘက်ပြေး ထောင်သားများကို စစ်မှုထမ်းရန်ခေါ်ထုတ်နေ

စစ်ကောင်စီသည် ခွင့်မဲ့ပျက်ကွက်နေသူများနှင့် တပ်ထဲမှ ထွက်ပြေး နေသူများကို စစ်မှုထမ်းရန် အမိန့်စာထုတ်ပြီး ခေါ်ယူနေရာ ရန်ကုန် အင်းစိန်ထောင်နှင့် ရခိုင်ပြည်နယ် စစ်တွေထောင်မှ စစ်ပြေးနှင့် ရဲပြေး ထောင်သားများကို ယခုလ ၇ ရက်နေ့က အပြင်သို့ ခေါ်ထုတ်သွားသည်ဟု သတင်းရရှိသည်။

အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး အတော်များများကို ယခုလ ၇ ရက် နေ့လယ်က  ကား (၇) စီးဖြင့် ခေါ်ထုတ်သွားသည်ဟု သိရသည်။

အလားတူ စစ်တွေမြို့ရှိ အကျဥ်းထောင်အတွင်းမှ စစ်ပြေးနှင့် ရဲပြေး ထောင်သား ၁၀၀ ခန့်ကို စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခိုင်းရန်အတွက် အပြင်သို့ ခေါ်ထုတ်သွားကြောင်း ထောင်နှင့်နီးစပ်သူများက ပြောဆိုသည်။  

သူတို့ကို ဒီဇင်ဘာ ၇ ရက်၊ နေ့လယ်က စစ်ကားများဖြင့် ခေါ်ဆောင်  သွားသည်ဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သည့်မြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။  

"ထောင်သားတွေက စစ်ပြေးတွေပါ။ သူတို့က ဘယ်သူဘယ်ဝါမှန်းတော့ မသိဘူး။ ထောင်ထဲကနေ စစ်တပ်ကိုပို့တာ။ စစ်မှုပြန်ထမ်းခိုင်းဖို့ ခေါ်ထုတ်သွားတာလို့ သိရပါတယ်" ဟုပြောသည်။  

သူတို့ အထဲတွင် မုဒိမ်းမှုများ၊ စစ်ဘက်ဆိုင်ရာ ပြစ်မှုကြီးများဖြင့် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသူများ၊ သေဒဏ်ချမှတ် ခံထားရသူများလည်း ပါဝင်သည်ဟု သိရသည်။  

စစ်တပ်ထဲဝင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသည့် မက်လုံးဖြင့် ယခုကဲ့သို့ ခေါ်ဆောင် သွားခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။  

သူတို့ကို စစ်တွေ ခလ၇ (၂၀)သို့ခေါ်ဆောင်သွားသည်ဟုလည်း မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောကြားသည်။  

"သူတို့ကို စစ်တွေခလရ ၂၀ ကိုပို့လိုက်တယ်။ ဒါကတော့ သူတို့မှာ အင်အားနည်းနေတော့ ဒီလူတွေကိုအသုံးချမှာပဲလေ" ဟုပြောသည်။  

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အကျဉ်းသူပေါင်း ၂၀၀၀ ခန့်ရှိသည်ဟု ထောင်တွင်းနှင့်နီးစပ်သူများက ပြောသည်။  

စစ်ကောင်စီသည် ထွက်ပြေးနေသည့် တပ်ပြေးများအနေဖြင့် စစ်တပ်ထဲ ပြန်လည်ဝင်ရောက်လိုပါက သာမန်ခွင့်ပျက်သည့်သဘောဖြင့် ပြန်လည် လက်ခံမည်ဟု ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...