ပျားတောင်ဒေသခံများ ဒေသတွင်းက ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေး

ပျားတောင်ဒေသခံများ ဒေသတွင်းက ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်လိုဏ်ဂူအတွင်း တိမ်းရှောင်နေကြသူများနှင့် ကျေးရွာအတွင်း ကျန်ရှိနေသူများ ထွက်ခွာပေးရန် တော်လှန်ရေးအင်အားစုဘက်က သတိပေးပြောဆိုခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဒေသတွင်းဖြစ်ပွားနေသည့်တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့်  ပျားတောင်ဒေသက ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းအနက် ဒေသခံ ၂၀၀ ခန့်က ပျားတောင်လိုဏ်ဂူထဲတွင် တိမ်းရှောင်နေကြရသည်။

ဒေသတွင်းက ထွက်ခွာခိုင်းသည့်အကြောင်းအရင်းကို တော်လှန်ရေးအင်အားစုဘက် ပြောဆိုခြင်းမရှိသော်လည်း ဒေသတွင်း အချိန်မရွေးတိုက်ပွဲ ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ အထိအခိုက်မရှိအောင် တော်လှန်ရေးအင်အားစုဘက်က ယခုလို ထွက်ခွာခိုင်းတာဖြစ်နိုင်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

“တော်လှန်ရေးအင်အားစုတွေက ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေကို ပြောတာ။ ဒီတစ်လော ပျားတောင်မှာရှိတဲ့ စစ်ရှောင်တွေကို နေရာပြောင်းပေးဖို့နဲ့ ရွာမှာ ကျန်တဲ့လူတွေလည်း ဒီနှစ်ရက် သုံးရက်အတွင်းမှာ လုံခြုံတဲ့နေရာတွေကို ခေတ္တရွှေ့ပြောင်းပေးဖို့ ပြောတယ်” ဟု ကော့ဒွန်းဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုဘက်က ထိုသို့ပြောဆိုသတိပေးပြီးနောက် ပျားတောင်လိုဏ်ဂူအတွင်း တိမ်းရှောင်နေရသည့် ဒေသခံ ၂၀၀ ကျော်ကို စစ်ဘေးရှောင်ကူညီနေသူတို့က စစ်ဘေးရှောင်ယာယီစခန်းဖွင့်လှစ်ထားသည့် ကျွန်းရွာဘုန်းကြီးကျောင်း၊ ကော့ပလိုင်းဘုန်းကြီးကျောင်းနှင့် အခြားဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း အခြေအနေငြိမ်သက်နေသော်လည်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများ ကျေးရွာအတွင်း နေထိုင်ရန်မသင့်သေးကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မနေ့ကနဲ့ ဒီနေ့အခြေနေက တည်ငြမ်နေသေးတယ်။ ဒါပေမဲ့ ကောင်းလာဖို့လားဆိုးလာဖို့လားဆိုတာကို ခန့်မှန်းလို့မတတ်ဘူး။ အခုပျားတောင်မှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကိုလည်း အဲ့မှာနေခွင့််မပေးတော့ဘူး။ ဒီလိုမျိုးပဲ ကျွန်တော်တို့ရွာက စစ်မျက်နှာဖြစ်နေသရွေ့က အခြေနေက စိတ်ချလို့မရဘူး” ဟု ဆိုသည်။

 ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင်း တိုက်ပွဲ ပြန်းထန်လာခဲ့သည်။

 တိုက်ပွဲကြောင့် အရပ်သား ၅ ဦးခန့် သေဆုံးခဲ့ရပြီး ၁၀ ဦးမထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည့်အပြင် လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်း အများပြားရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...