မင်းတပ်မြို့နယ်အတွင်းကို ၁ နှစ်တွင်း လေကြောင်းနဲ့ (၆၇)ကြိမ် တိုက်ခိုက်ခဲ့ကာ ပြည်သူ ၆ ဦးသေဆုံး၊၁၅ ဦးဒဏ်ရာရ

မင်းတပ်မြို့နယ်အတွင်းကို ၁ နှစ်တွင်း လေကြောင်းနဲ့ (၆၇)ကြိမ် တိုက်ခိုက်ခဲ့ကာ ပြည်သူ ၆ ဦးသေဆုံး၊၁၅ ဦးဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း(၆၇)ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ (၆)ဦးသေဆုံးပြီး၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို လူနေအိမ်အဆောက်အအုံ (၆၁)လုံး ပျက်စီးခဲ့တယ်လို့ Chin Defence Force – Mindat က ဒီကနေ့ ဒီဇင်ဘာ (၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၄၉)လုံး၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း(၄) ကျောင်း၊ စာသင်ကျောင်း(၄) နဲ့ ကား (၁) စီးအပါဝင် ဆိုင်ကယ် (၇) စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF – Mindat ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အကြား တစ်နှစ်အတွင်း (၃၂) ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၇၂) ဦးသေဆုံးကာ (၄၁) ဦး ဒဏ်ရာရရှိခဲ့သလို ချင်းကာကွယ်ရေး(မင်းတပ်) ဘက်က (၂) ဦးသေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဘက်က မင်းတပ်မြို့နယ် ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ မှုများကို အကြိမ်ရေများစွာ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ (၃) ဦးသေဆုံးခဲ့သလို နေအိမ် အဆောက်အအုံ (၅၀) ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေး (မင်းတပ်)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...