ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ
ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ
ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ကုန်းသာကျေးရွာမှာ ရောက်ရှိနေတဲ့ ကရင်နီ စစ်ဘေးရှောင် (၆၀၀) ကျော်ရှိနေပြီး လက်ရှိမှာ ကလေးငယ်တွေ နဲ့ သက်ကြီးရွယ်အို အများစုဟာ ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

“အများစု ကလေးတွေနဲ့ သက်ကြီးရွယ်အို  ဝမ်းလျောဝမ်းပျက်ဖြစ်တာ အအေးပတ်နေပြီးတော့ ဖြစ်ကြတာ။ အမိုးအကာ စောင်တွေ လုံလောက်မှု မရှိလို့” လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဆေးပညာအရ အအေးဒဏ်ကြောင့် ဝမ်းပျက် ဝမ်းလျောတွေဖြစ်လေ့မရှိပေမဲ့ ရာသီဥတု အကူးအပြောင်းကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါ နောက်ဆက်တွဲ အနေနဲ့ ဝမ်းလျောဝမ်းပျက်ရောဂါဖြစ်ပွားနိုင်တယ်လို့  ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။

ကုန်းသာကျေးရွာကို ရောက်ရှိနေတဲ့ ကရင်နီ စစ်ရှောင် ၆၂၃ ဦး ရှိနေပြီး ဝမ်းပျက်ဝမ်းလျောဖြစ်ပွားသူ ဦးရေ  ၆၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ကူညီသူတွေရဲ့  ပြောကြားချက်အရ ကျေးရွာ အနီးအနားမှာ ကုသပြသလို့ရမယ့် ဆေးပေးခန်းတွေမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ဘေးရှောင်လူထုအတွက် စောင်၊ အနွေးထည်၊ အမိုးအကာ လုံလောက်မှုမရှိတဲ့အပြင် ရာသီဥတု အအေးဒဏ်တွေကြောင့် ဖျားနာမှု တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ဘေးရှောင်တွေထဲမှာ မသန်စွမ်း ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“အဓိက လိုအပ်နေတာက စားနပ်ရိက္ခာ၊ မိုးကာ၊ ဝါး အဲ့ဒါ အဓိကလိုအပ်နေတယ်။ စောင်တွေ အလုံအလောက် မရှိဘူး။ “ လို့ သူက ဆက်ပြောပါတယ်။

ကုန်းသာကျေးရွာမှာ ရောက်ရှိနေတဲ့ အိမ်ထောင်စု (၂၂၈) စု နဲ့ လူဦးရေ ၆၀၀ ကျော်ရှိနေပြီး စစ်ရှောင်အများစုကတော့ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ မြို့က လူထုတွေဖြစ်တယ်လို့ သိရပါတယ်။

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...