ဘူးသီးတောင်တွင် စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ဘူးသီးတောင်တွင် စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မွတ်ဆလင် ကလေး ၂ ဦး အပါအဝင်  ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ ကွန်တိုင်အုပ်စု ဝါးချီးလားရွာမှ အာရုရူလ္လာ(၈) နှစ်၊ အဒူလ္လာ(၁၀) နှစ်နှင့် ဒေါ် ဘေဇာ(၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ဆော်မီယုလ္လာ (၃၈)နှစ်၊ ဂျော်ဟာယေး(၂၈)နှစ်၊ မူဇီဆမ်း(၁၉)နှစ်၊ မီဇမ်း(၃၀)နှစ်၊ နူရူဇာမက်(အသက်မသိရသေး)နှင့် အမည်နှင့်အသက်မသိရ‌သေးသည့်အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၅ နာရီခန့်က ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၊ ခမရ ၅၆၄၊ ၅၆၅ တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင် မြို့နယ်၊ အရှေ့ပြင်ရှည်(မွတ်ဆလင်)ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ယင်းအထဲမှ လက်နက်ကြီးကျည် တစ်လုံးသည်  ဝါးချီးလားရွာ၏ အရှေ့ဘက်ဈေးအနီး စိုက်ခင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။  

ယင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စိုက်ခင်းအတွင်း ရှိနေသူများ ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ထဲကပစ်တာ မဟုတ်ပါဘူး။ ၅၆၄၊ ၅၆၅ တို့က လှမ်းပစ်ခဲ့တာ။ သုံး‌လုံးလောက်ကြားလိုက်တယ်။ မွတ်ဆလင်ရွာဘက်မှာတစ်လုံးကျပြီး သုံးယောက်သေတယ်။ အခုမြို့ပေါ်ကဆေးရုံမှာ ရောက်နေကြတယ်။ ဒဏ်ရာရတဲ့လူတွေလေ" ဟုပြောသည်။

စစ်ကောင်စီတပ်သည် လူနေကျေးရွာများသို့ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု   ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက "မနေ့ကတိုက်ပွဲမရှိပါဘူး။ အကြောင်းမဲ့ ပစ်နေတာပါ"ဟုပြောသည်။

လက်ရှိတွင် ဒဏ်ရာရ လူနာ ၆ ဦးမှာ ဘူးသီးတောင်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

July 4, 2026
ထိုင်းနိုင်ငံတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သည့် ၎င်း၏...
July 3, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေးကြွ အာဆာ (ARSA) အဖွဲ့နှင့် အာရက္ခ...
July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...