အင်းတော်မြို့နယ် စျေးတန်းတစ်ခု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

အင်းတော်မြို့နယ် စျေးတန်းတစ်ခု လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စော်မော်ချောင်းစျေးတန်းကို စစ်ကောင်စီ လေယာဉ်ဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။

တိုက်ခိုက်ခံရတဲ့စျေးတန်းအနီးမှာ တော်လှန်ရေအင်အားစုများရဲ့ စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး  စစ်ဆေးရေးလုပ်နေစဉ်အတွင်း တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စော်မော်ချောင်း အပေါ်အောက် ၊  တောင်တက်သွားပြီးရင် အဲ့ဒီမှာ နမ့်မကျိုင်း လမ်းခွဲရှိတာလေ။ အဲ့မှာ ဂိတ်စောင့်နေတာကိုအေး သူတို့က PDF တွေက။ လေယာဥ်လာခဲ့တဲ့အခါကြတော့ အကုန်လုံး ထွက်ပြေးကုန်ကြတာနေမှာပါ့။ ထွက်ပြေးကုန်တော့ ဆိုင်ကယ်သမားတွေလည်း ဆင်းခဲ့တော့တာပါတယ် အဲ့ကနေပြီးတော့။ ဆင်းခဲ့တော့ အဲ့ဒီဆင်းဆင်းချင်းမှာ လူကများတဲ့အခါကြတော့ အဲ့ဒါကို ထုတာ”လို့ ၎င်းဒေသခံ က ပြောပြပါတယ်။

စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်ကယ်ရီသမားအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော်ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရှိရပါတယ်။   

Indaw Revolution (IR) ရဲ့ သတင်းထုတ်ပြန်မှုအရ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့်  ကသာမြို့မှ မော်လူးတိုက်နယ် ကုန်စိမ်းကူးသည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စော်မော်ချောင်း စျေးတန်းမှာ ကား၊ ဆိုင် ဝပ်လျော့လုပ်ငန်း၊ စားသောက်ဆိုင်များတည်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

အဆိုပါပစ်ခတ်မှုကို ကြားခဲ့ရတဲ့ အင်းတော်မြို့ခံတစ်ဦးက “ အများကြီးမောင်။ ဒုန်း ဒုန်း ဒုန်း ဒုန်း နဲ့ ချပစ်တာ။ လေးငါးဆယ်ချက်လောက် ချပစ်တာ။ နောက်တစ်ခါကျတော့ ပြန်ဝဲတဲ့ပြီးတော့မှ နောက်နှစ်ချက် ပြန်ချပြန်တာ။ မီးခိုးတွေကော ထွက်ခဲ့တာပဲ။ ဘယ်က ထွက်ခဲ့မှန်းလည်းမသိဘူး။ မီးခိုးကတော့ တော်တော်များတယ်။ မီးခိုးတွေက အမဲတွေ။” လို့ ဆိုပါတယ်။

ဒီစျေးတန်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်းလေကြောင်းဖြင့်   ဗုံးလေးလုံး ထပ်မံကျဲချခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw revolution (IR) က ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ခိုက်ခံရတဲ့ စျေးတန်းက မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာရှိနေပြီး လက်ရှိ လမ်းပိုင်းပိတ်ပင်ထားပြီး ဒေသတွင်း ဆိုင်ကယ်၊ သုံးဘီးဖြင့်သာ ဖြတ်သန်းသွားလာလို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...