တပ်က စာရင်းပေးတိုင်း၊ အစိုးရ စာရင်းပေးတိုင်းကို ကိုယ်စားလှယ်လောင်း မရွေးနိုင်ဟု ကြံ့ခိုင်ရေးပြော

တပ်က စာရင်းပေးတိုင်း၊ အစိုးရ စာရင်းပေးတိုင်းကို ကိုယ်စားလှယ်လောင်း မရွေးနိုင်ဟု ကြံ့ခိုင်ရေးပြော
by -
မဇ္ဈိမ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို မကြာခင်ရက်ပိုင်းအတွင်း အတည်ပြုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသကလက်ခံမည့် လူမျိုးကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေးချယ်မည်ဟု ပါတီ၏ တရားဝင် ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

“တပ်က စာရင်းပေးတိုင်း၊ အစိုးရအဖွဲ့က စာရင်းပေးတိုင်း ပါတီက လက်မခံပါဘူး။ ဒေသက လက်ခံနိုင်မယ့်လူ ဖြစ်မှသာ လက်ခံမှာပါ။ လက်မခံနိုင်တဲ့သူတွေကိုလဲ စာရင်းပြန်ပို့ပါတယ်” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏ ပြောဆိုချက်ကို ကိုးကားပြီး ဝက်ဆိုက်ဒ်တွင် ရေးသားထားသည်။

အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ရက်ပိုင်းအတွင်း အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ကိုယ်စားလှယ်လောင်းအဖြစ် တပ်မတော်မှ ကိုယ်စားလှယ်လောင်းစာရင်း ၁၄၀ကျော်ပေးထားရာ ယာယီစာရင်းအရ ၅၇ဦး ရွေးချယ်ထားပြီး ထပ်မံ လျှော့ချဖွယ်ရှိကြောင်း၊ အစိုးရအဖွဲ့က ၅၀ကျော် စာရင်းပေးထားပြီး ၄၀ ကျော်သာ လက်ခံထားကြောင်း ဝက်ဆိုက်ဒ်တွင် ရေးသားထားသည်။

လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

သို့သော် အစိုးရအဖွဲ့မှ ပါတီဝင်များဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ကို ပါတီ မူဝါဒအရ ၎င်းတို့ အဆိုပြုထားသည့် ကယားပြည်နယ်အစား ပြီးခဲ့သည့် ရွေးကောက်ပွဲက ဝင်ရောက်ယှဉ်ပြိုင်ထားသည့် နေရာများမှ ပြန်အရွေးခံရန် သမ္မတထံ စာပို့ထားကြောင်းလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝက်ဆိုက်ဒ်တွင် ရေးသားထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတော်များများက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဇူလိုင် ၁၁ရက်က ပြောဆိုထားသည်။

သမ္မတဦးသိန်းစိ်န်ကမူ လာမည့် ရွေးကောက်ပွဲတွင် ကျန်းမာရေးအခြေအနေအရ ဒုတိယသက်တမ်း အတွက် ဝင်ရာက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ပါတီဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းထံ စာပို့ထားကြောင်း သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၁၃ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...