ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ် - မြန်မာကုန်သွယ်ရေးကို လေကြောင်းလမ်းသုံးရန် စစ်ကောင်စီ စီစဉ်နေ

ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ် - မြန်မာကုန်သွယ်ရေးကို လေကြောင်းလမ်းသုံးရန် စစ်ကောင်စီ စီစဉ်နေ
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဒုတိယမြောက် Boeing 737-800 NG လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - MNA
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဒုတိယမြောက် Boeing 737-800 NG လေယာဉ်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - MNA

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ကြောတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေ၍ တရုတ် - မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကို အသုံးပြုရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။

မြန်မာအမျိုသားလေကြောင်းလိုင်း (MNA) နှင့် ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်အသစ်ကို အသုံးပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ၊ Boeing 737-800 NG လေယာဉ်ဖြင့် တစ်ပတ်လျှင်သုံးကြိမ် ကုန်သွယ်သွားမည်ဟု MNA လေကြောင်းလိုင်းနှင့်နီးစပ်သူထံမှ သိရသည်။  

“အခု တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်တွေကလည်း ပိတ်လိုက်ရတယ်ဆိုတော့ ကုန်သည်တွေ မနစ်နာစေဖို့ ဆောင်ရွက်တဲ့သဘောလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန် - ကူမင်း - ရန်ကုန် ခရီးစဉ်သစ်အတွက် အသွားတစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၂၇၉ နှင့် အပြန်တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၄၆၄ အထိ ကုန်ကျမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်ရေးအတွက် ဈေးနှုန်းများကို ထုတ်ပြန်ပေးသွားဖြစ်ကြောင်း သိရသည်။  

ကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကိုအသုံးပြုလျှင် ကုန်ကျစရိတ် များပြားနိုင်သဖြင့် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ကြောင်း ကုန်သည်များက ပြောကြသည်။  

 “အခုလေကြောင်းလိုင်းခရီးစဉ်က လူစီးသပ်သပ်ပဲ အဆင်ပြေမယ်။ ကုန်စည်ကူးသန်းဖို့က အကန့်အသတ်နဲ့ပဲ ပို့လို့ရတာ။ ကုန်ကျစရိတ်ကလည်း ကုန်းတွင်းသယ်‌ဆောင်စရိတ်ထက် ပိုကုန်မှာဆိုတော့ ကုန်သည်တွေက အရှုံးနဲ့ပဲရင်ဆိုင်ရမှာ”ဟု တရုတ်-မြန်မာ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။  

တရုတ် -  မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ မူဆယ်၊ ရွှေလီတို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကုန်သွယ်မှုရပ်ဆိုင်းခဲ့ရကာ ကုန်ပစ္စည်းအမြောက်အများ ပိတ်မိနေကြောင်း ကုန်သည်များထံမှ သိရသည်။

“အခု တိုက်ပွဲဖြစ်နေတာ လုံးဝမရပ်သေးဘူးဆိုတော့ ကုန်ကားတွေက တရုတ်နယ်စပ်ဂိတ်မှာ ထွက်မရဘူး။ တချို့ကျတော့ ကုန်သွယ်ဇုန်မှာ ပိတ်မိနေတာရှိတယ်။ တချို့ကားတွေက လားရှိုးလမ်းမှာပဲ ပိတ်မိနေတယ်” ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းကို လေကြောင်းလမ်းမှတစ်ဆင့် လုပ်ကိုင်ပါက ကုန်ကျစရိတ်မှာ ၅ ဆအထိ မြင့်တက်မည်ဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် ရေရှည်အတွက် စဉ်းစားသင့်ကြောင့် ကုန်သည်များက ပြောကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှာ အရှိန်မြင့်လာနေပြီး စစ်ဆင်ရေးလှုပ်ရှားမှုနယ်မြေလည်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်အထိ သိမ်းပိုက်ထားကာ မြို့ ၈ ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...