မော်လမြိုင်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်းရပ်နားထား

မော်လမြိုင်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်အချို့ အရောင်းရပ်နားထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်အချို့ ဆီပြတ်လပ်သွားသည်ဟုဆိုကာ အရောင်းအဝယ်ရပ်နားထားသည်ဟု စက်သုံးဆီအရောင်းဆိုင်နှင့် သုံးစွဲသူတို့ထံမှ သိရသည်။

ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့နေခြင်းကြောင့် စက်သုံးဆီတင်ယာဉ်များ ရောက်မလာနိုင်သည့်အတွက် နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက “ဒီနေ့ (နိုဝင်ဘာ ၅ ရက်) မှာတော့ စက်သုံးဆီလေးမျိုးလုံးပြန်ရနေပြီး။ အရောင်းပိတ်ထားတယ်တော့မဟုတ်ပါဘူး။ ညောင်ခါးရှည်မှာ လမ်းပိတ်နေတော့ ဆီကားအဝင်မရှိလို့ ဆီခဏပြတ်လပ်သွားတယ်။ ဆီကားပြန်ဝင်ရင် ပြန်ရောင်းပေးတာပါပဲ။ ညောင်ခါးရှည်ဂိတ်က သိတဲ့အတိုင်းပဲလေ” ဟု ၎င်းက ဆိုသည်။

ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့နေသည့်အတွက် အိမ်စီးယာဉ်ငယ်များအပါအဝင် ခရီးသည်တင်မှန်လုံယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် စက်သုံးဆီတင်ယာဉ်များပါ သွားလာ၍မရဖြစ်နေကြောင်း မုဒုံ-ရန်ကုန်ယာဉ်ပြေးဆွဲနေသူတစ်ဦးက ပြောသည်။

“အဲဒီနေရာမှာ လမ်းပြန်ပိတ်ဆို့နေတာ ၃ ရက်လောက်ရှိနေပြီး။ ကုန်ကားတွေက ညောင်ခါးရှည်ကနေ စစ်တောင်းတံတားထိပဲ။ ကျွန်တော့် ကားအသေးတောင်မနေ့က ရန်ကုန်ကဆင်းလာတာ ၃ နာရီ လောက် စောင့်ရတယ်။ သူတို့က ကုန်ကားကိုမလွှတ်ပေးတာ။ ဘာကြောင့်မလွှတ်ပေးတာလဲတော့ မသိဘူး။ ကုန်ကားတွေလွှတ်ရင် ၁၅ မိနစ်တောင်မကြာဘူး လမ်းပြန်ဖွင့်သွားမှာပဲ” ၎င်းက ကားသမားက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားနေသည့်အတွက် ခရီးသွားပြည်သူများ အခက်အခဲရှိနေသည့်အပြင် ကုန်စည်စီးဆင်းမှုလည်း ချောမွေ့ခြင်းမရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုများလည်းရှိနေဟု သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...