သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် အမှတ်-(၃၁၄) အမြှောက်တပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာ နေရာအတွင်းသို့ နိုဝင်ဘာလ ၃ ရက်နေ့က ညနေ ၆ နာရီဝန်းကျင်မှ ည ၈ နာရီခွဲကျော်အထိ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် လက်နက်ကြီးကျည် ၂ လုံးသည် တက်တူးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တက်တူးကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဦးမိုးအောင်သည် ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင်  ဦးမိုးအောင်နေအိမ်အပါအဝင် နေအိမ် ၃ လုံးလည်း ကျည်ထိပျက်စီးသွားသည်ဟုလည်း ဆိုထားသည်။

ယင်းနေ့ ညနေ ၂ နာရီအချိန်ကစပြီးလည်း ခမရ-၉ တပ်ရင်းမှ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ အနီးအနားကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

သထုံမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ အသက်အန္တာရာယ် စိုးရိမ်ထိတ်လန့်နေကြသည်ရှိသလို ထွက်ပြေးတိမ်းရှောင်နေရမှုလည်း မကြာခဏဖြစ်ပွားနေသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...