ကျိုက်ထိုတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ခရီးသည် ၈ ဦး ဒဏ်ရာရ

ကျိုက်ထိုတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ခရီးသည် ၈ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်တင် မှန်လုံ ယာဉ် တစ်စီး ‌မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် “အောင်ကျော်မိုး” ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် နိုဝင်ဘာလ ၁ ရက်နေ့ ည ၉ နာရီခွဲကျော်အချိန်ခန့်က၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး PT Power စက်သုံးဆီ အရောင်းဆိုင်အနီး အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် “အောင်ကျော်မိုး" ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် ခရီးသည် ၄၀ ဦး ခန့် လိုက်ပါလာသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် မှန်လုံယာဉ်ပေါ် လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ် ဦးဝင်းကြိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးအုန်းသန်း၊ အသက် ၂၃ နှစ်ရှိ ကိုဆန်းမင်းနှင့် ညီဖြစ်သူ ကိုအောင်ဆန်းမင်း ၁၈ နှစ်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ခိုင်ဝါဝါဝင်း၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ဝင်းလှ၊ အသက် ၂၅ နှစ်အရွယ် ဒေါ်နေခြည်သိမ့်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်သန်းသန်းရီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ခရီးသည် တစ်ဦးကတော့ ဒဏ်ရာများတယ်။ ဒဏ်ရာရသူအားလုံးကို လူမှုကယ်ဆယ်ရေးကကားတွေနဲ့ ဆေးရုံ ပို့ပေးခဲ့ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းစ ထိမှန်ဒဏ်ရာရရှိသည့် ခရီးသည်များကို လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူခဲ့ရသည်။

ထို့အပြင် စိုးရိမ်ဒဏ်ရာရထားသည့် ဦးဝင်းကြိုင်ကိုမူ သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူ နေရကြောင်း ကူညီပေးခဲ့သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာဆိုင် ကျေးရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သေးသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် ခရီး သွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲ တိုက်ခိုက်ခံရ သည့် ဖြစ်စဥ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရ သည့် ဖြစ်စဉ်များကြောင့် ခရီးသွားနှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေသည့်အတွက် ပြည်သူများ အထူး သတိထားပြီး သွားလာကြရန် ဒေသခံများက တိုက်တွန်းပြောဆိုသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...