တစ်နှစ်ကျော်အတွင်း တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော် ဖြေရှင်းရန်ကျန်ဟု ULA တရားဥပဒေရေးဌာန ထုတ်ပြန်

တစ်နှစ်ကျော်အတွင်း တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော် ဖြေရှင်းရန်ကျန်ဟု ULA တရားဥပဒေရေးဌာန ထုတ်ပြန်
ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မွတ်ဆလင်ရွာ)၌ စပါးကောက်လှိုင်းပုံများ မီးရှို့ခံရ မှုနှင့်ဆက်စပ်၍ အမှုဖြစ်စဉ်ဆိုင်ရာစစ်ဆေးမှုကို ULA/AA က ၂၀၂၂ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံ။
ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒရွာ(မွတ်ဆလင်ရွာ)၌ စပါးကောက်လှိုင်းပုံများ မီးရှို့ခံရ မှုနှင့်ဆက်စပ်၍ အမှုဖြစ်စဉ်ဆိုင်ရာစစ်ဆေးမှုကို ULA/AA က ၂၀၂၂ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံ။

ရခိုင်ပြည်အတွင်း တရားစီရင်ရေး လုပ်ငန်းများကို စစ်ကောင်စီနှင့်အပြိုင် လုပ်နေသည့် ရက္ခိုင့်အမျိုးသား အဖွဲ့ ချုပ် (ULA) ၏ တရားဥပဒေရေးရာဌာနသို့ တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၅၀၀ ကျော်ကို ဖြေရှင်း ရန် ကျန်ရှိနေသေးကြောင်း ထုတ်ပြန်သည်။

(ULA) ၏ တရားဥပဒေရေးရာဌာနသို့ ၂၀၂၂ ခုနှစ်တွင် တိုင်ကြားလာသည့် အမှုများထဲမှ အမှုပေါင်း ၂၈၈၂ မှု ဖြေ ရှင်းရန်ကျန်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စက်တင်ဘာလအထိ တိုင်ကြားလာသည့် အမှုပေါင်း ၃၁၁၂ မှု ဖြစ်သဖြင့် စုစု ပေါင်းအမှုမှာ ၅၉၉၄ မှု ဖြစ်သည်။ ယင်းအထဲမှ ၃၄၂၂ မှုကို ဖြေရှင်းနိုင်ခဲ့သဖြင့် ဖြေရှင်းရန်ကျန်သည့် အမှုမှာ ၂၅၇၂ မှုဖြစ်ကြောင်း ULA တရားဥပဒေရေးရာဌာန၏ လူမှုကွန်ယက်စာမျက်နှာ Justice for Arakan က အောက် တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် လက်ကျန်အမှုစုစုပေါင်း ၂၈၈၂ မှုထဲတွင် ရာဇဝတ်မှု ၉၉၉ မှုနှင့် တရားမမှု ၁၈၈၃ မှုဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြေရှင်းနိုင်ခဲ့သည့် အမှုစုစုပေါင်း ၃၄၂၂ မှုတွင် ရာဇဝတ်မှု ၁၅၄၀ မှုနှင့် တရားမမှု ၁၈၈၂ မှုပါဝင်သည်။ ဖြေရှင်းရန်ကျန်ရှိနေသော အမှုစုစုပေါင်း ၂၅၇၂ မှုထဲတွင် ရာဇဝတ်မှု ၈၅၀ မှုနှင့် တရားမမှု ၁၇၂၂ မှုပါဝင်ကြောင်း ဆိုသည်။

“တရားမမှုသည် ရာဇဝတ်မှုထက် နေရခြင်းမှာ တရားမမှု၏ သဘောသဘာဝအရ အမှုဖြေရှင်းရာတွင် ရာဇဝတ် မှုထက် ကြန့်ကြာတတ်ကြောင်း” Justice for Arakan က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှာ ရခိုင်ပြည်အတွင်း တရားစီရင် ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပြီးနောက် အမှုများကို စတင်ဖြေရှင်းလာပြီး လက်ရှိတွင် ၂ နှစ်ကျော်အထိ ကြာမြင့်လာပြီ ဖြစ်သည်။

သို့သော်လည်း ULA ၏ တရားစီရင်ရေးမှာ အားနည်းချက်များရှိနေပြီး အထူးသဖြင့် အောက်ခြေဝန်ထမ်းအချို့၏ လာဘ်ပေးလာဘ်ယူမှုများ ရှိသောကြောင့် ULA/AA အကြီးအကဲများအနေဖြင့် သေသေချာချာ ကိုင်တွယ်သင့် ကြောင်း ဒေသခံများကပြောဆိုကြသည်။

စစ်တွေဒေသခံတစ်ဦးက “စစ်ကောင်စီရဲ့ တရားစီရင်ရေးတွေကို အားမရတဲ့အတွက် ဒေသခံတွေက ULA တရား ရေးဌာနကို တိုင်လာကြတာတွေရှိတယ်။ အမျိုးသားရေးအရ ULA/AA ကို အားကိုးချင်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် အောက်ခြေဝန်ထမ်းတွေက လာဘ်ပေး၊ လာဘ်ယူမှုတွေရှိတဲ့အတွက် တရားစီရင်ရေးအပိုင်းတွေမှာ ယိမ်းယိုင်သွားတာတွေရှိတယ်။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ သေချာကိုင်တွယ်ဖို့ လိုပါတယ်” ဟု ပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာန လက်အောက် ရှိ တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒေသနေလူငယ်များကို လျှောက်လွှာခေါ်ယူခဲ့သည်။

တရားစီရင်ရေး ကိစ္စရပ်များတွင် အင်အားဖြည့်ရန်အတွက် ထိုသို့ခေါ်ယူခြင်းဖြစ်သည်ဟု ULA/AA ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ ပြောဆိုထားသည်။

ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးက “ကျနော်တို့ ရသေ့တောင်မြို့နယ်က ဒေသတွေမှာဆိုရင် အမှုတွေကို ULA တရားရုံးတိုင်တာ ပိုများတယ်။ တရားရုံးတွေကို အလွှဲအပြောင်းရှိတဲ့အတွက် အမှုတွေက ကြန့်ကြာမှုတွေရှိ တယ်။ နောက်ပြီးတော့ သူတို့ချိန်းတဲ့ရုံးတွေကို သွားရတဲ့အတွက် သွားရေးလာရေး၊ ငွေရေးကြေးရေးတွေက အခက်အခဲတွေရှိတယ်” ဟု ပြောသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...