အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မောင်တောတွင် ဖမ်းဆီးခံရ

အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မောင်တောတွင် ဖမ်းဆီးခံရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦးကို တရား မဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ မာမတ်အိုဝဲစ် အသက် (၁၆) နှစ်၊ မဖူရုကျင်နား အသက် (၁၄) နှစ်၊ မရူဖာမာ အသက် (၁၃) နှစ်နှင့် မဆူဖီရာ အသက် (၉) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင် ဆွေမျိုးများနှင့်အတူ နေထိုင်နေရာမှ လက်ရှိတွင် နေထိုင် စားသောက်ရေး အဆင်မပြေ၍ မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုးကို ကျော်ဝင် ကာ မိဘများရှိရာ ငန်းချောင်းကျေးရွာသို့ပြန်လာစဉ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က သက်ဆိုင်ရာ နယ်မြေရဲစခန်းဆီ သတင်းပေးပို့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူနိုင်ရေး စစ်ဆေးနေတယ်လို့သိရတယ်” ရခိုင်နေ့စဉ်က ဖော်ပြ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခ သည်စခန်းမှ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် မွတ်ဆလင် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း “ရခိုင်နေ့စဉ်” က ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင်များမှာ မောင်တောခရိုင်အတွင်းသို့ တရား မဝင်လမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရမှုများ မကြာခဏဖြစ်ပေါ်နေသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နယ်မြေမလှုံခြုံမှုကြောင့် အကျပ်အတည်းတွေ ဖြစ်နေကြတယ်။ ဒါကြောင့် အစား အသောက်နဲ့ အနေအထိုင်တွေ ဆင်းဆင်းရဲရဲရင်ဆိုင်နေကြရလို့ ရခိုင်ပြည်ကို ဝင်ရောက်လာကြတယ်။ အဲဒီမှာ ဖမ်းဆီးခံရတဲ့အနေအထားတစ်ခုဖြစ်တယ်” ဟု မောင်တောလူငယ်များအဖွဲ့အစည်းမှ တာဝန်ရှိသူ မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောဖြစ်စဉ်ကြောင့် မောင်တောဒေသအတွင်းမှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားကြသည့် မွတ်ဆလင်များမှာ စခန်းတွင်း စားဝတ်နေရေး အဆင်မပြေမှုများ ကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ မောင်တောဒေသသို့ ဝင်ရောက်မှုများရှိနေသည်။

ယင်းသို့ တရားမဝင်လမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မွတ်ဆလင်များမှာ မြန်မာအာဏာ ပိုင်များထံ ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃-၁၊ ၁၃-၅ တို့ဖြင့် တရားစွဲခံရကာ ထောင်ဒဏ် အသီးသီး ချမှတ်ခံရခြင်းများရှိသည်။

သို့သော် ဖမ်းဆီးခံရသူများထဲမှ အသက်မပြည့်သေးသူများကို သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံမှ အာမခံချက်ယူ၍ မိဘများထံသို့ လွှဲပြောင်းပေးခြင်းများရှိသည်။

ရခိုင်ပြည်၊ မောင်တောခရိုင်တွင် ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ၈ လကျော် အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင် အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၉၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း “ရခိုင်နေ့စဉ်” မှ ထုတ်ပြန်ခဲ့သည့်စာရင်းအရ သိရသည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...