သထုံတွင် ဘုရားဖူးယာဥ် မိုးဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

သထုံတွင် ဘုရားဖူးယာဥ် မိုးဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးမော်တော်ယာဥ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၆ နာရီကျော်အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) ကြား တွင် ဘုရားဖူးယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော် နှင့် ယာဉ်ပေါ်လိုက်ပါလာ သည့် မထက်ထက်အောင်ဆိုသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော်တွင် ဘယ်ဘက်မေးရိုးနှင့် လည်ပင်း မိုင်းစဖောက်ဝင် ဒဏ်ရာဖြင့် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ မထက်ထက်အောင်တွင် ဦးခေါင်း မိုင်းစရှပ်မှန်ဒဏ်ရာ၊ ဦးခေါင်း ဖူးရောင်ဒဏ်ရာရရှိခဲ့ကြသည်။

ထိခိုက်ဒဏ်ရာ ရသူနှစ်ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိမ်ဆိပ်တိုက်နယ်ဆေးရုံ ထိုမှတဆင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုင်းထိသွားတဲ့သူ နှစ်ယောက်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကလို့ သိရတယ်။ မိုင်းက တော်တော်ကြီးမယ် ထင်တယ်။ မိုင်းပေါက်တဲ့နေရမှာ ချိုင့်အကြီးကြီးဖြစ်သွားတယ်။ အသက်မသေကြလို့တော်သေးတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

မိုင်းဆွဲခံရမှုကြောင့် မော်တော်ယာဉ်လည်း ရှေ့လေကာမှန်ကွဲ၊ ဘေးဘက်ကားဘော်ဒီနှင့် အမိုး၊ မိုင်းကိုင်းများ ပေါက်ထွက်ပျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲ တိုက်ခိုက်ခံရ သည့်ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရ သည့်ဖြစ်စဉ်များကြောင့် ခရီးသွားနှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေသည့်အတွက် ပြည်သူများ အထူး သတိထားပြီး သွားလာကြရန် ဒေသခံများက အချင်းချင်း တိုက်တွန်းပြောဆိုနေကြသည်။

May 30, 2026
ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ...
May 29, 2026
တနင်္သာရီမြို့နယ် မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးစဉ်...
May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...