ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသည့် မြွေစိမ်းမျိုးစိတ်သစ် တစ်မျိုးကို မြန်မာတွင်တွေ့ရှိ

ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသည့် မြွေစိမ်းမျိုးစိတ်သစ် တစ်မျိုးကို မြန်မာတွင်တွေ့ရှိ
မြန်မာနိုင်ငံတွင် တွေ့ရှိထားသော မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်အားတွေ့ရစဉ်။ ဓာတ်ပုံ - NSCI
မြန်မာနိုင်ငံတွင် တွေ့ရှိထားသော မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်အားတွေ့ရစဉ်။ ဓာတ်ပုံ - NSCI

ကမ္ဘာပေါ်ရှိ မြွေစိမ်းမျိုးစိတ်များထဲတွင် မှတ်တမ်းတင်ခြင်းမရှိသေးသည့် မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification)မှ ထုတ်ပြန်ထားသည်။

အဆိုပါ မြွေမျိုးစိတ်သစ်ကို သိပ္ပံအမည် Trimeresurus uetzi sp.nov ပေးထားပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်နှင့် ဂန့်ဂေါဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Native Species Conservation & Identification အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

“မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ထဲမှာတော့ ဒီမျိုးစိတ် မပါဘူး။ အကောင်ရေအားဖြင့်တော့ ထောင် ဂဏန်းလောက် ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီမျိုးစိတ်သစ်နဲ့ဆင်တဲ့ မြွေစိမ်းမြီးခြောက်မျိုးကွဲတွေ အများကြီး ရှိတယ်။ ဒီမျိုးစိတ်က မျိုးကွဲတစ်ခုဖြစ်ပါတယ်” ဟု မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (NSCI) တာဝန်ခံ ကိုဝင်းပိုင်ဦးက ပြောသည်။

မြွေစိမ်းမြီးခြောက် မျိုးစိတ်သစ်မှာ မြွေထီးများ၏ မျက်လုံးအရှေ့နှင့် မျက်လုံးအနောက်ဘက်တွင်  အဖြူရောင် အလိုင်းပါရှိခြင်း၊ မျက်ဆံမှာ ကြေးရောင်ရှိပြီး မြွေအမတွင်မူ ရွှေစိမ်းရောင်ရှိခြင်း စသည့် ထူးခြားလက္ခဏာများ ရှိသည်။

အဆိုပါ မြွေစိမ်းမျိုးစိတ်သစ်မှာ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော White-lipped Pitviper (Trimeresurus  albolabris) မျိုးစိတ်နှင့် ဆင်တူသော်လည်း ထူးခြားချက်အနေဖြင့် မြွေထီများ၏ မျိုးပွားအင်္ဂါမှာ အခြားမျိုးစိတ် များထက် တိုနေသည့်အတွက် မျိုးစိတ်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“Trimeresurus uetzi မျိုးစိတ်သစ် ထွက်ပေါ်လာပြီး သူနဲ့မျိုးကွဲတူ Trimeresurus albolabris ရဲ့ ပျံနှံ့မှုနေရာ ပြောင်းလဲ သတ်မှတ်လို့ရသွားတာဟာ ပညာရှင်တွေ နှစ်ရှည်ကြာမြင့်စွာ ခေါင်းစားအဖြေရှာ လာခဲ့ကြရတဲ့ မျိုး စိတ်ရှုပ်ထွေးမှုရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးလိုက်တာလို့ ပြောလို့ရပါတယ်” ဟု မြန်မာနိုင်ငံ ဇဝမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (WOM) တာဝန်ခံ ကိုထွန်းမြတ်ဝင်းက ပြောသည်။

ယခုတွေ့ရှိထားသော မြွေစိမ်းမြီးခြောက်မျိုးစိတ်မှာ မြန်မာနိုင်ငံရှိ မြွေမျိုးစိတ်ထဲတွင် အဆိပ်ရှိသည့် မြွေမျိုးစိတ် အုပ်စုဝင်တစ်ခုလည်းဖြစ်ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့၏ သုတေသန လေ့လာချက်အရ သိရသည်။

မြွေစိမ်းမြီးခြောက် မျိုးစိတ်သစ်ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံသား Tan Van Nguyen က တွေ့ ရှိ ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅ နှစ်ခန့် သုတေသနပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် မျိုးစိတ်သစ်တစ်မျိုးအဖြစ် မှတ် တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...