ဘောလခဲမြို့ပေါ်မှာ ဆန်ပြတ်လပ်နေ၍ ဆန်ပြုတ်စားနေရသလို ပြောင်းဆံတွေနဲ့ ရောပြီး ချက်စားနေရ

ဘောလခဲမြို့ပေါ်မှာ ဆန်ပြတ်လပ်နေ၍ ဆန်ပြုတ်စားနေရသလို ပြောင်းဆံတွေနဲ့ ရောပြီး ချက်စားနေရ

ကယား (ကရင်နီ)ပြည်၊ ဘောလခဲမြို့ပေါ်က လူထုတွေဟာ ရိက္ခာသယ်ယူခွင့် မရကြတာကြောင့် ဆန်တွေ ပြတ်လပ်မှုရှိနေပြီး တချို့ သူတွေကတော့ ဆန်ပြုတ်သောက်နေရတာရှိသလို ပြောင်းဆံ (ပြောင်းကောက်) တွေထောင်းပြီး ရောနှောချက်စားသောက်နေကြရတယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ တကယ် ဒုက္ခ‌‌ရောက်နေတယ်။ တကယ်ဒီမှာ ပြောင်းကောက် ထောင်းစားရတယ်။ ကျနော်တို့ စားနေတဲ့ ပြောင်းကောက်မဟုတ်ဘူး။ ကြက်ကျွေးတဲ့ ပြောင်းကောက်ဖြစ်နေတော့ တအားဒုက္ခရောက်တယ် ပေါ့လေ” လို့ ဘောလခဲ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လွိုင်ကော်ကနေ ရိက္ခာတွေသယ်ယူနိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က လုံခြုံရေးအရ ပိတ်ပင်ထားသလို စစ်ကောင်စီတပ်တွေဘက်ကလည်း ဂိတ်တွေချပြီး စစ်ဆေးနေကြတာကြောင့် ရိက္ခာ သယ် ယူခွင့်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အဖွဲ့များတယ်ဗျာ ဘယ်လိုပြောမလဲ ဟိုတစ်ဖွဲ့ကခွင့်ပြုရင် တစ်ဖွဲ့က ခွင့်မပြုဘူး။ တစ်ဖွဲ့ကခွင့်ပြုရင် တစ်ဖွဲ့က ခွင့်မပြုဘူး။ အဲ့လိုဖြစ်နေတော့ အဲ့ဒါ ကျနော် ဘယ်သူ့ကို ပြောလို့ပြောရမှန်းမသိဘူး” လို့ ဘောလခဲ ဒေသခံ အမျိုးသားတစ်ဦး က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ မြို့ထဲက ပြည်သူတွေအချင်းချင်း ချေးငှားစားသောက်ကြရသလို မငတ်ရုံတမယ် ဆန်ပြုတ်တွေ ချက်သောက်နေရတယ်လို့ ဘောလခဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆန်ပြုတ်တွေ သောက်တာမလောက်လို့ တချို့အိမ်မှာ ဆန်တဝက်ရှိရင် အတင်းတောင်းဝယ်တယ်။ မရရင် စိတ် ဆိုးကြတယ်” လို့ ဘောလခဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရိက္ခာသယ်ယူနိုင်ရေးအတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ လွိုင်ကော်မြို့အထိ ခြေလျင်နဲ့ သွားရောက် သယ် ယူတဲ့ သူတွေရှိနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ ဘောလခဲမြို့နယ်အတွင်း ဆန်စျေးက တအိတ်ကို ကျပ် တသိန်းခွဲ အထိစျေးရှိနေပြီး၊ သယ်ယူခက တအိတ်ကို ကျပ်တစ်သိန်းခွဲ အထိရှိနေတာပါ။ ဒါကြောင့် ဆန်တအိတ်ကို ကျပ် သုံးသိန်းအထိရှိနေတဲ့အတွက်

အခြေခံလူတန်းစားတွေကတော့ မဝယ်ယူနိုင်ဘူးလို့ ဘောလခဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မဝယ်စားနိုင်ကြတော့ဘူး။ (ဆန်) တဗူး (နို့ဆီဗူး) တထောင်တဲ့” လို့ ဘောလခဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့တွင်းမှာ ဆန်တွေပြတ်လပ်မှုကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကိုသယ်ယူခွင့်ပြုပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

“ကျနော်တို့ကို တခေါက် ဆန်ဖြစ်ဖြစ်ခွင့်ပြုပေးပါ။ မဟုတ်ရင် ဆန်လောက်တော့ခွင့်ပြုပေးပါ။ ဆားနဲ့ပဲစားစား ဘာနဲ့ပဲစားစား ဆန်တော့ ခွင့်ပြုပေးဖို့ ကျနော်အကြံပြုချင်တာပေ့ါနော်” လို့ ဘောလခဲမြို့ ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့ပေါ်မှာ နေထိုင်သူတွေ ရှိနေဆဲဖြစ်ပြီး မြို့နယ်ထဲက ကျေးရွာတချို့ကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 29, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာနှစ်ခုမှာ အခုနှစ် ၂၀၂၆-၂၀၂၇...
May 28, 2026
ကရင်နီပြည်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ အမှတ် ၆ ကနေ “...