ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကို စစ်တရားရုံးဖြင့် စစ်ဆေးပြီး  နှစ်ဆယ်နှစ် ကာလနှင့် ညီမျှသော တသက်တကျွန်းဒဏ်ကို အသီးသီးချမှတ်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော် က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော် သစ္စာဖောက် ဖျက်မှုကို ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့သော်လည်း သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများမှ ပေးအပ်သည့် တံစိုး လက် ဆောင်များကိုရာထူးလုပ်ဆောင်ခွင့်ကို အသုံးပြုပြီး ရယူဆောင်ရွက်ခဲ့ကြောင်း ဆိုထားသည်။

ဆက်လက်ပြီး နိုင်ငံခြားသုံးငွေများ တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ ကျူးလွန်ခဲ့သည့်အတွက် သက် ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီး မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်ကို မူဖော်ပြထားခြင်းမရှိပေ။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင်ခဲ့စဥ်အတွင်း ထိုသို့ ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့အတူ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးအနေဖြင့်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် ရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ယင်းအပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုများကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် အတူ ပူးပေါင်း ကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့် အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ဆက်သွယ်ပေးခြင်း၊ နိုင်ငံခြားငွေနှင့် မြန်မာကျပ်လဲလှယ်ပေးခြင်း၊ လက်ခံရယူခြင်း၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ထားရှိခြင်း စစ်စည်းကမ်းများကို ဖောက်ဖျက်ပြီး အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...