ဒေသမျိုးရင်းရှားပါးမှုကြောင့် ရခိုင်ကမြေပဲစိုက်တောင်သူများ အခက်ကြုံနေရ

ဒေသမျိုးရင်းရှားပါးမှုကြောင့် ရခိုင်ကမြေပဲစိုက်တောင်သူများ အခက်ကြုံနေရ

ရခိုင်ပြည်၏ ရာသီဥတု၊ ပထဝီအနေအထားနှင့်ကိုက်ညီသော ဒေသမျိုးရင်းမျိုးစေ့များ ရှားပါးလာမှုကြောင့် တောင်သူများမှာ ယခုနှစ်မြေပဲစိုက်ပျိုးရန်အတွက် အခက်အခဲကြုံတွေ့နေကြသည်။

လက်ရှိတွင် မြေပဲစိုက်ပျိုးရန် ထွန်ယက်နေကြပြီဖြစ်သော်လည်း မျိုးစေ့ရှားပါးမှုနှင့်အတူ ဈေးနှုန်းလည်း မြင့် တက်နေသည်ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ တောင်သူဒေါ်တင်အေးက ပြောသည်။

“ဒီနှစ်ကတော့ ဒေသထွက်မျိုးစေ့တွေ တအားရှားနေတာ။ ဈေးကလည်း နှစ်ဆလောက်တက်သွားတော့ ဝယ်စိုက် ဖို့အတွက် အခက်အခဲအများကြီး ရှိတယ်။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ဒေါ်တင်အေးက ပြောသည်။

ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် မြေပဲကို စီးပွားဖြစ် စိုက် ပျိုးကြပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့တွင်လည်း တပိုင်တနိုင် စိုက်ပျိုးကြသည်။

မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် မြေပဲစိုက်ဧက တစ်သောင်းခွဲခန့်ရှိပြီး လက်ရှိမှာ ဒေသမျိုးရင်း ရှားပါးနေသဖြင့် ပြည်မဘက်မှ မျိုးစေ့များကို ဝယ်ယူစိုက်ပျိုးရန် ပြင်ဆင်နေကြသည်။

“ကျမတို့မှာက သဲမြေမို့လို့ ပြည်မဘက်က မျိုးစေ့တွေ စိုက်လို့မရဘူး။ ဒေသမျိုးရင်းပဲ စိုက်လို့ရတာ ဒေသမျိုး ရင်းဈေးက လေးတောင်းတစ်အိတ်ကို ပိုက်ဆံလေးသိန်းခွဲလောက်အထိ ဈေးတက်နေတယ်” ဟု လေညှင်း တောင်ကျေးရွာမှ ဒေါ်သိန်းသိန်းက ပြောသည်။

ရခိုင်ပြည်တွင် လက်ရှိစိုက်ပျိုးနေကြသည့် ဒေသမျိုးရင်းမြေပဲမျိုးစေ့များမှာ သီးနှံအောင်မြင်ဖြစ်ထွန်းမှု၊ မြေနေ ရာမရွေးစိုက်ပျိုးနိုင်ပြီး ပြည်မဘက်မှမျိုးစေ့များမှာ သီးနှံဖြစ်ထွန်းမှုနည်းခြင်း၊ အဆံသေးသည့်အပြင် နူးမြေ၌ သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

သို့သော်လည်း ရခိုင်က တောင်သူများမှာ ဒေသမျိုးရင်းကို အမှီပြု၍မရတော့သဖြင့် ပြည်မမျိုးစေ့များကိုသာ အစားထိုးစိုက်ပျိုးနေကြရသည်။

ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ မီးရပ်ပြင်ကျေးရွာမှ ဦးဆန်းစောက “ယိုးချောင်းဘက်မှာကျတော့ ဒေသမျိုးရင်းက လုံးဝနီးပါးရှားသွားပြီ။ တောင်သူအများစုက ပြည်မဘက်က မျိုးတွေပဲစိုက်ကြတာ” ဟု ပြော သည်။

ရခိုင်ပြည်စိုက်ပျိုးရေးကဏ္ဍတွင် ဒေသမျိုးရင်းမျိုးစေ့များ ရှားပါးလာခြင်းမှာ ဓာတ်တုနည်းထုတ် မျိုးစေ့များကို တွင်ကျယ်စွာ အသုံးပြုလာခြင်းကြောင့်ဖြစ်သည်ဟု တောင်သူများက ပြောဆိုကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တစ်ပြည်လုံးမှာ ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိသော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ဆောင်းသီးနှံ စိုက်ပျိုးသည့်ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...