“မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း” ကိုးကားစာအုပ် ၂၀၂၂-၂၀၂၃ကို BNI မိတ်ဆက်ရှင်းလင်း

“မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း” ကိုးကားစာအုပ် ၂၀၂၂-၂၀၂၃ကို BNI မိတ်ဆက်ရှင်းလင်း

နိုင်ငံတကာမြန်မာ့သတင်း(BNI) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့် Myanmar Peace Monitor (MPM) မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ထုတ်ဝေသော “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ပုံဖော်ခြင်း - ရည်ညွှန်းအကိုးအကား” စာအုပ်မိတ်ဆက်ပွဲအား အောက်တိုဘာလ (၅) ရက်နေ့တွင် အွန်လိုင်းအစီအစဥ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

BNI-MPM အနေဖြင့် ပြည်သူလူထု၏အသံနှင့် အိပ်မက်များအား ထင်ဟပ်စေနိုင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုအား သတင်းအချက်အလက်များမှ ထောက်ပြလိုခြင်းကြောင့် အဆိုပါ စာအုပ်ကို ထုတ်ဝေခြင်းဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းရေးအား အခြေခံမှ စတင်လေ့လာလိုသူတိုင်း အတွက် လွယ်ကူ၍ မှီငြိမ်းကိုးကားနိုင်သော စာအုပ်တစ် အုပ် ဖြစ်ရန် ရည်ရွယ်သည်ဟု BNI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။

၎င်းက “ဒီစာအုပ်တစ်ခုကို ဖတ်ကြည့်လိုက်တာနဲ့ မြန်မာ့နိုင်ငံရေး နဲ့ငြိမ်းချမ်းရေး အနေအထားတွေကို အသေး စိတ် သိရှိနိုင်မယ့် အခြေအနေဖြစ်တယ်။ ဒါကြောင့် တစ်စုတစ်စည်းတည်း လွယ်လွယ်ကူကူနဲ့ ရရှိနိုင်အောင် ထုတ်ဝေရခြင်း ဖြစ်ပါတယ်” ဟု စာအုပ်မိတ်ဆက်ပွဲ၌ KIC ၏ မေးမြန်းချက်ကို တုန့်ပြန်ပြောဆိုသည်။

မျှော်ကြည့်နိုင်စရာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားမှု အခြေ အနေများ၊ တိုင်းနှင့်ပြည်နယ်အလိုက် စစ်ဘေးရှောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အမျိုးသား ညီ ညွတ်ရေး အတိုင်ပင်ခံ ကောင်စီ - NUCC တို့၏ အခန်းကဏ္ဍ အစရှိသော အကြောင်းအရာများ ပါဝင်သည့် စာမျက်နှာပေါင်း ၃ ရာနီးပါးရှိသော အဆိုပါစာအုပ်အား MPM ၏ ဝက်ဘ်ဆိုက်ဒ် စာမျက်နှာတွင် မြန်မာ-အင်္ဂ လိပ် နှစ်ဘာသာဖြင့် ဒေါင်းလုပ်ရယူနိုင်သည်။

တိုင်းရင်းသားမီဒီယာ (၁၅) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့် ထုတ်ဖော် ခြင်းနှင့် အချက်အလက်စုဆောင်းသည့် လုပ်ငန်းများ လုပ်ဆောင်လာခဲ့ခြင်းနှင့်ပတ်သက်၍ BNI ၏ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် ကရင်သတင်းဌာန-KIC ၏ အယ်ဒီတာချုပ်ဖြစ်သော နန်းဖော့ဂေက အဖွင့်အမှာ စကား ပြော ကြားရာတွင်လည်း ယခုကဲ့သို့ ထည့်သွင်းပြောဆိုထားသည်။

“BNI က ငြိမ်းချမ်းရေးလုပ်ငန်းစဥ် လုပ်ဆောင်လာတဲ့ ဒီအတောအတွင်းမှာ တိုင်းရင်းသားဒေသတွေ အပြင် တစ် နိုင်ငံလုံးက ပဋိပက္ခနဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဖော်ထုတ်လာတာဖြစ်လို့ လိုအပ်ချက်တွေ ရှိရင် နားလည်ပေးဖို့နဲ့ ပိုပြီးတော့ကောင်းအောင် အကြံပြုပေးကြပါ။ တစ်နိုင်ငံလုံးကလူထုအပေါ်မှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတဲ့ အစုအဖွဲ့ တွေရဲ့လုပ်ရပ်တွေကို အချက်အလက်စုဆောင်းပြီး ကျမတို့ဖော်ထုတ်တယ်ဆိုတာ တချိန်မှာ ဒီမှတ် တမ်းတွေက အရေးယူမှုလုပ်နိုင်ဖို့ အရေးပါမယ်ဆိုတာ ကျမအနေနဲ့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင် လုပ်ဆောင်လာခဲ့သော BNI-MPM သည် ပဋိပက္ခ ဖြစ်စဥ်အတွင်း တိုက်ရိုက် ပါဝင် နေသော အကြောင်းအရာ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းလုပ်ငန်း အရွှေ့အပြောင်းနှင့် ဦးတည်ရာ များအား သိရှိနားလည်နိုင်ရန် အဆိုပါစာအုပ်များအား နှစ်စဥ်ပြုစု ထုတ်ဝေလာခဲ့ရာ ယခုစာအုပ်ထုတ်လုပ်ခြင်း သည် (၈)အုပ်မြောက်ရှိပြီ ဖြစ်သည်။

မိတ်ဆက်အစီအစဥ်တွင် BNI မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ BNI-MPM ၏ လုပ်ငန်းစဥ်များအကြောင်း ဗွီဒီယိုအား ပြသခြင်း၊ စာအုပ်အနှစ်ချုပ်တင်ပြခြင်းနှင့်အမေးအ ဖြေကဏ္ဍပြီးနောက် တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားကာ အစီအစဥ်ကို ရုပ်သိမ်းခဲ့သည်။

ယနေ့ မြန်မာစံတော်ချိန် နံနက် ၉နာရီခွဲမှ နေ့လည် ၁၁ နာရီအထိ ကျင်းပပြု လုပ်ခဲ့သော BNI-MPM ၏ အဆိုပါ စာအုပ်မိတ်ဆက်ခြင်းအစီအစဥ်သို့ BNI မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်း မီဒီယာများအပါအဝင် ပရိသတ် ၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...