မြဝတီမြို့တွင်း အမည်မသိ လက်နက်ကိုင်ဆောင်သူပေါများလာ

မြဝတီမြို့တွင်း အမည်မသိ လက်နက်ကိုင်ဆောင်သူပေါများလာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် အမည်မသိ လက်နက်ကိုင်ဆောင်သူပေါများလာကြောင်း မြို့ခံများက ပြောသည်။

စစ်တပ် အာဏာသိမ်းသည့် ၂ နှစ်ကျော်ကာလအတွင်း နယ်စပ်မြဝတီမြို့တွင် ပစ္စတိုသေနတ် အသေး စားများကို အလွယ်တကူဝယ်ယူနိုင်ပြီး ခါးကြားတွင်ထိုးကာ အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အမည်မသိ လက်နက်ကိုင် များ ပေါများလာကြောင်း မျက်မြင်တွေ့ရှိသူ မြဝတီမြို့ခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အခုဆိုရင် ပိုက်ဆံရှိရင် ကြိုက်တဲ့နေရာမှာ ဝယ်လို့ရတယ်။ နယ်စပ်မြို့ဆိုတော့ ပိုဆိုးတယ်။ ပြီးတော့ KTV လို နေရာတွေမှာဆို သေနတ်ကို ခါးကြားထိုးထားတာပဲ။ ဘယ်အဖွဲ့အစည်းကမှတော့ မဟုတ်ဘူး။ အဲ့လို လူတွေ တော်တော်များလာတယ်” ဟု ၎င်းမြို့ခံက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ယမန်နေ့ညနေ ၅နာရီဝန်းကျင်အချိန်တွင်လည်း မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် အရပ်ဝတ်များ ဖြင့် အမည်မသိလက်နက်ကိုင်နှစ်ဦးမှ ဦးတင်မောင်အေးဆိုသူကမ္ဘောဇဘဏ်ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ခဲ့ခြင်း ကြောင့် ဝဲနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပါးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ထိသွားတဲ့ တစ်ယောက်က ဘဏ်မန်နေဂျာ။ လာပစ်သွားတဲ့ သူတွေက သေတဲ့သူဆီမှာ ပိုက်ဆံ လာချေး တာ။ အဲ့ဒါကိုမချေးလို့ လာပစ်သွားတာ။ အဲ့ဒီက ရပ်ကွက်လူကြီးကိုက ပြောပြတာ” ဟု ကေအိုင်စီသို့ ပြော သည်။

စစ်ကောင်စီမှ မြို့တွင်းလုံခြုံရေး တင်းကြပ်ထားသော်လည်း မြဝတီမြို့ပေါ်တွင် မကြာခဏ ပစ်ခတ် မှုများဖြစ် ပေါ်ပြီး အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပွားလေ့ရှိကာ ဒေသခံများအနေဖြင့်လည်း လမ်းခရီး သွားလာရာ တွင် စိုးရိမ်စိတ်များဖြင့်သွားလာနေကြရပြီး စိတ်မလုံခြုံမှုများ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောဆို ကြသည်။

ယခုလိုအရပ်သား သေနတ်ကိုင်ဆောင်မှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က သေနတ်များကို လိုင်စင်နှင့် ကိုင်ဆောင်နိုင်မည့် ဥပဒေထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အရပ်သား လက်နက်ကိုင် ဆောင်သူ များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ထားသည့် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေအရ လိုင်စင်ဖြင့်ကိုင်ဆောင်ရမည့် လက်နက် အမျိုးအစားများထဲတွင် 9mm အောက်ပြောင်းဝငယ်သည့် ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘို့ နှင့်အထက် အဝငယ်သည့် ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်များ ပါဝင်နေကြောင်း ဖော်ပြပါရှိသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...