ထိုင်းတွင် ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဦးခန့် ဖမ်းဆီးခံရ

ထိုင်းတွင် ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဦးခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများ လုပ်ခွင့်မရှိသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေသူများကို အာဏာ ပိုင်များက ဖြိုခွင်းနှိမ်နင်းမှု ပြုလုပ်စဉ် ခွင့်ပြုချက်ပါမစ် မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပ ရွှေ့ ပြောင်းအလုပ်သမား ၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားဦးစီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

ထိုင်း အလုပ်သမားဦးစီးဌာနသည် ယမန်နှစ် အောက်တိုဘာလမှ စပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်အထိ နိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်သည့် အလုပ်နေရာ ၅၃,၇၃၂ ကို အလျဉ်းသင့်သလို ဝင် ရောက်စစ်ဆေးခဲ့ရာ ပြည်ပရွှေ့ပြောင်းလုပ်သား ၃,၄၆၄ ဦးသည် ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင် နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ပြည်ပရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော်အနက် ၁,၈၅၀ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး ကမ္ဘောဒီးယားမှ ၆၃၆ ဦး၊ လာအိုမှ ၅၆၂ ဦး၊ ဗီယက်နမ်မှ ၁၄၅ ဦးတို့လည်း ပါဝင်ပြီး ကျန်လုပ်သားများမှ အခြားသောနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

တားမြစ်ပိတ်ပင်ထားသည့် အလုပ်နေရာများတွင် လုပ်ကိုင်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်ကိုင် နေသူ အများစုကို ဘန်ကောက် အပြင် နွန်သာဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်ပထုံနှင့် ရနောင်းတို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အခြားသော အလုပ်သမား ၁,၆၃၄ ဦးသည် ရွှေ့ပြောင်းများ လုပ်ခွင့်မရှိသည့် အလုပ်နေရာများတွင် လုပ် ကိုင်နေကြသည်ကို တွေ့ခဲ့ရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံသားများအတွက်သာ ခွင့်ပြုထားသည့် တားမြစ်အလုပ်နေရာများတွင် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

ထိုင်းဥပဒေအရ အလုပ်အကိုင်အမျိုးအစား ၄၀ တွင် ရွှေ့ပြောင်းများ လုပ်ကိုင်ခြင်းမှ ပိတ်ပင်တားမြစ်ထားသည်။

တားမြစ်ပိတ်ပင်ထားသည့် အလုပ်အကိုင် အမျိုးအစား ၄၀ တွင် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည့် ရွှေ့ပြောင်း များအနေဖြင့် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ကြေးများ ပေးဆောင်ရမည် ဖြစ်သလို ၎င်းတို့သည် မိခင် နိုင်ငံသို့ ပြန်ပို့ခံရမည် ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...