ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီက လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီက လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်
ပုံစာ - မြန်မာ့ပင်လယ်ပြင်တွင် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်။
ပုံစာ - မြန်မာ့ပင်လယ်ပြင်တွင် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်။

ရခိုင် ပင်လယ်ပြင်အတွင်း စစ်ကောင်စီ ရေတပ်စခန်းများမှ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်ပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာသည်။

မာန်အောင်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်းမှ စခန်းအနီးတဝိုက် ပင်လယ်ပြင်တွင် စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ် ပြန်ရေး စာမျက်နှာဖြစ်သည့် ‘ရခိုင်နေ့စဉ်’ က ဖော်ပြသည်။

ထိုသို့ ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေး အကြောင်းကြား ထားသည်ဟုလည်း ရေးသားထားသည်။

မာန်အောင်ကျွန်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးက “ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ တစ်ဆင့် အသိပေးထားတာတွေရှိတယ်။ ကိုယ့်အုပ်စုမှာရှိတဲ့ ဒေသခံတွေ မထိတ်လန့်စေဖို့နဲ့ သူတို့ ကန့်သတ် ထားတဲ့ နယ်မြေတွေကို လုံးဝမသွားဖို့ကို ထုတ်ပြန်ထားတာရှိတယ်” ဟု ပြောသည်။

မာန်အောင်ကျွန်း ပင်လယ်ပြင်တွင် လက်နက်ကြီး ပစ်ခတ်လေ့ကျင့်သွားမည့်အကြောင်းကို အသိပေးထားသဖြင့် အနီးအနားက ဒေသခံရေလုပ်သားများမှာ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြရသည်။

ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက “သူတို့ စစ်ရေးလေ့ကျင့်မှုက နှစ်ရက်လောက်ကြာမယ်လို့ ပြော ထားတာရှိတယ်။ အဲဒီရက်တွေမှာ ပင်လယ်ပြင်ကို ငါးဖမ်းသင်္ဘောမထွက်ဖို့နဲ့ ပင်လယ်ကမ်းစပ်တွေမှာ မနေဖို့ကို တားမြစ်ထားတာရှိတယ်” ဟု ပြောသည်။

စစ်တွေမြို့အနီး မေယုပွိုင့်၏ အနောက်တောင် ၁၅ ဒသမ ၅ မိုင်၊ ရေနံစင်၏ အနောက်မြောက် ၁၈ မိုင်၊ OYSTER မီးပြတိုက်၏ အနောက်တောင် ၁၅ ဒသမ ၅ မိုင်၊ ပင်မကုန်းမြေ၏ ၂၇ ဒသမ ၅ မိုင်အကွာတွင် စစ်ကောင်စီ စစ်သင်္ဘောများဖြင့် စစ်နည်းဗျူဟာ ပင်လယ်ပြင်လေ့ကျင့်ခန်းကို စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့သည်။

လက်ရှိ စစ်ကောင်စီက လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်နေခြင်းမှာ စစ်အင်အားပြခြင်းဖြစ်သည်ဟု နိုင်ငံရေး သမားတစ်ဦး ဖြစ်သူ ဦးအောင်သောင်းရွှေက ရှုမြင်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက် သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ တကျော့ပြန်တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁၀ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...