သရက်ချောင်း၊ ကျောက်ဆည်ရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး ပစ်ခတ်ရှင်းလင်းခံရ

သရက်ချောင်း၊ ကျောက်ဆည်ရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် ပြည်သူ့ စစ်ခေါင်းဆောင် ဦးတိုးဝင်းနှင့် ဇနီးတို့ ယမန်နေ့ည ၈နာရီဝန်းကျင်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်။

ဦးတိုးဝင်းသည် ‌‌ စစ်ကောင်စီတပ်နှင့် ပေါင်းကာပြည်သူအပေါ် မတရားငွေ ကောက်ခံသည့်အပြင် တရားမဝင် အလုပ်များ လုပ်ဆောင်သောကြောင့် သွားရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေ သည့် သိန်းငှက် ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက ယခုကဲ့သို့ ပြောသည်။

သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “လောင်းကစားဖွင့်လှစ်တာ၊‌ ကျေးရွာအတွင်း ငွေကြေး  တောင်းခံတာ၊ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတာ  ဆိုးဆိုးရွားရွားလုပ်ဆောင်တဲ့အတွက် သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြည်သူ့စစ်နှင့် ပျူ‌စောထီးအဖွဲ့တို့သည် အာဏာသိမ်း စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်ကာ တော် လှန်ရေးကို ဟန့်တားအောင်လုပ်သည့် မည်သည့်အဖွဲ့မဆို ရှင်းလင်းရမည်ဖြစ်ကြောင်း KNU ဘိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

“တပ်ရင်း ၁၂ နှင့် နယ်မြေခံ PDF တို့ ပေါင်းပြီးကျောက်ဆည်က ပျူစောထီးခေါင်း ဆောင်ကို သွားရောက် ရှင်း လင်းလိုက်တယ်။ သူ့မိန်းမပါသေသွားတယ်။ ပြည်သူ့စစ် ပျူစောထီးဟာ စစ်ကောင်စီလူပဲ တိုက်ရိုက် သက်ဆိုင် မှုရှိတယ်။ ဒါကြောင့်တော်လှန် ရေးရဲ့ရန်သူပဲ။ သတင်းပေးချင်တာက စကစကို ထောက်ပံ့ကူညီမယ်ပူး ပေါင်း လုပ် ဆောင်မယ်ဆိုရင် တော်လှန်ရေးရဲ့ရန်သူပဲ။ အားလုံးရှင်းလင်းရမယ်” ဟု ပဒိုစောအယ်နာက ပြောသည်။

ထိုသို့ သွား‌ရောက်ဖမ်းဆီးချိန်တွင် အပြန်အလှန်ပစ်ခတ်မှုပွားဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဦးတိုးဝင်း၏ ဇနီးဖြစ်သူပါ သေဆုံးသွားရခြင်းဖြစ်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ထို့အပြင် ရှင်းလင်းခံရသည့် ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းထံမှ AK သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံ ၈၄တောင့်၊ ၃၆ ခွင်းဗုံး၂ လုံး၊ စကားပြော စက် ၁ခု၊ ကျည်ကာအင်္ကျီတစ်ထည်နှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်း ရမိခဲ့ကြသည်။

July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...