ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မိသားစုဝင် ၉ ဦးကို ပြန်လည်လွှတ်ပေး

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မိသားစုဝင် ၉ ဦးကို ပြန်လည်လွှတ်ပေး

ကရင်နီ (ကယား) ပြည်တွင် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ DMO-PDF က စက်တင်ဘာ လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစု ၉ ဦးကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက မယ်စဲ့မြို့နယ်တိုက်ပွဲ အတွင်းမှာ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား တစ်ဦးရဲ့ မိသားစုတစ်စုနဲ့ ရဲမိသားစု (၂)စု ပါဝင်ပြီး သူတို့ဟာ ရဲစခန်းကနေ ထွက်ပြေး တိမ်းရှောင်ရင်း ကင်းလှည့်လှုပ်ရှားနေတဲ့ DMO-PDF က တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်မိသားစုထဲက ရဲတပ်ကြပ်ကြီးရဲ့ ဇနီးကို ၎င်းရဲ့အမျိုးသား နဲ့ ရဲတပ်ဖွဲ့ဝင်တွေ  ပြည်သူတွေနဲ့ ပူးပေါင်းပြီး CDM ပြုလုပ်ရန် ဇွန်လ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့တွေ မှာ ရဲစခန်းအထိ သွားရောက် စာပို့ရန် စေခိုင်းခဲ့ပေမဲ့ ရဲစခန်းက အရာရှိဟာ ပေးစာကိုသာ လက်ခံပြီး တွေ့ဆုံခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ထိန်းသိမ်းထားပြီး ၃ လ အကြာ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ အဆိုပါ မိသားစုဝင်တွေဟာ နေရပ်ကို ပြန် ချင်ကြကြောင်း တောင်းဆိုလာတာကြောင့် လမ်းစရိတ် ငွေကျပ် ၅သောင်းနဲ့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ တယ်လို့ ဆိုကြပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အဆိုပါ မိသားစုဝင် ၉ ဦးကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း မပြုလုပ်ဘဲ လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေကို ပေးထားပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လုပ်ပေးခဲ့တယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန် ထားပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...