မိုးဗြဲမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအတွက် နင်းမိုင်းအများအပြားထောင်ထားဟုဆို

မိုးဗြဲမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအတွက် နင်းမိုင်းအများအပြားထောင်ထားဟုဆို

ကရင်နီနဲ့ ရှမ်းပြည် နယ်စပ်၊ မိုးဗြဲမြို့ မှာ  တပ်စွဲထားတဲ့ စစ်ကောင်စီဟာ သူတို့စခန်းနဲ့ အနီးတဝိုက်ကို တော်လှန် ရေး အင်အားစုတွေ ဝင်ပစ်လို့မရအောင်နဲ့၊ ပြည်သူတွေ နေရပ်မပြန်နိုင်အောင် နင်းမိုင်းအများအပြား ထောင်ထား တယ်လို့ မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာတွေကော တပ်စွဲထားတာရှိတယ်။ နောက် ဒီမိုးဗြဲဆို ဒီဖယ်ခုံကနေဆင်းလာရင် လမ်းမကြီးရဲ့ ညာ ဖက်မှာဆို လူဦးရေတော့ သိပ်မရှိတော့ဘူး။ လမ်းမကြီးရဲ့ ဘယ်ဖက်မှာပဲ ရှိတာပေါ့နော်။ ဒီညာဖက်မှာဆို တချို့ က ကင်းပုန်းပြီး တပ်စွဲထားတာတော့ ရှိတာပေါ့နော်။ သူတို့ တပ်ချထားတဲ့ အနီးတဝိုက်မှာလည်း ကျနော်တို့ တော်လှန်ရေးတပ်သားတွေ လာပစ်လို့ မရအောင် အဲ့ဒါ နင်းမိုင်းတွေလည်း အများကြီးထောင်ထားတာ ရှိတယ် ပေါ့နော်“ လို့  မိုးဗြဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမှာ အခုလက်ရှိမှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်‌ရေး ငြိမ်နေ‌တာ နှစ်လကျော် ရှိနေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လတ်တလော စစ်ကြောင်း ဆက်ထိုးလာတာမျိုး မရှိပေမဲ့ ထပ်မံ စစ်ကြောင်းထိုးလာရင် တော့ တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်တယ်လို့ မိုးဗြဲ PDF  အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဖက်ကလည်း ငြိမ်နေတယ် ဆိုတာကလည်း သူတို့ရဲ့ လမ်းကြောင်းပေါ့နော်၊ ထိုးတဲ့ စစ်ကြောင်းက ဒီဖက်မရောက်သေးလို့ပေါ့နော်၊ မထိုးနိုင်တော့လို့ပေါ့နော်၊ သူတို့ ဒီလမ်းကြောင်းကို မထိုးနိုင်တော့လို့ ငြိမ်နေ တယ်၊ မြို့ထဲမှာ နေရာယူတယ် အဲ့တာတော့ ရှိတယ်ဗျ” လို့ ပြောပါတယ်။

မိုးဗြဲမြို့အတွင်းမှာ နင်းမိုင်း ထောင်ထားတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ တပ်စွဲထားမှုကြောင့် ဒေသခံအများ စုက နေအိမ်မပြန်ရဲကြသေးပါဘူး။

လိုအပ်ချက်တွေအရ ဒေသခံတချို့ကတော့ နေရပ်ပြန်ပြီး ပစ္စည်းယူတာတွေရှိပေမဲ့ အနည်းစုသာဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

“ငါတို့ဆို  နည်းနည်းပဲ ပြန်နေရတယ်။ တချို့ကျတော့ ပစ္စည်းပြန်ယူတာထင်တယ် ။အကြာကြီးပြန်မနေရဲဘူး။ အကြာကြီးနေဖို့ဆို ပြန်ရင် စစ်တပ်ကတွေ့တာနဲ့ ဖမ်းတာကော အဲ့ကြောင့်” လို့ မိုးဗြဲ စစ်ရှောင်ပြည်သူတစ်ဦး က ပြောပါတယ်။

လက်ရှိမှာလည်း တောင်ယာ၊ လယ်ယာ လုပ်ငန်းကာလဖြစ်တဲ့ အတွက် မိုးဗြဲမြို့ပေါ် မှာ နေထိုင်ဆဲဖြစ်တဲ့ ဒေသခံ တောင်သူတွေဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်ကြရတာရှိသလို စစ်ရှောင်ကြတဲ့ ဒေသခံအများစုကတော့ လက်ရှိ အချိန်ထိ နေရပ်ပြန်လာခြင်းမျိုး မရှိကြသေးဘူးလို့ စစ်ရှောင်တွေက ဆိုပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...