ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ အင်အား ဖြည့်

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ အင်အား ဖြည့်

အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဧရာဝတီတိုင်း စစ်ကောင်စီက နည်းအမျိုးမျိုးဖြင့် စစ်အင် အား ဖြည့်တင်းနေသည်ဟု ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့များ နှင့် နီးစပ်သူများက ပြောသည်။

မိဘမဲ့ ပရဟိတဂေဟာ နှင့် လမ်းပေါ်တွင် လေလွင့် သွားလာနေသော လူငယ်များကို စစ်တပ်ထဲ အတင်းအကြပ် ဝင်ခိုင်းခြင်း၊ ရပ်ကွက် ကျေးရွာများမှာ ပျူစောထီး (ပြည်သူစစ်) အဖွဲ့များ ဖွဲ့စည်း၍ လက်နက် တပ်ဆင်ပေးကာ အင်အား ဖြည့်တင်းနေကြသည့် အပြင် စက်တင်ဘာလ ပထမပတ်အတွင်းက အရပ်ဘက် နယ်ဘက် ဌာနဆိုင် ဝန်ထမ်းများကို စစ်သင်တန်းတက်ပြီး စစ်မှုထမ်းပါမည်ဟု ဝန်ခံလက်မှတ် ထိုးခိုင်းထားခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး “အထက်က ညွှန်ကြားချက်အရ အရပ် ဘက် ဌာနဆိုင်ရာ ဝန်ထမ်းတွေက ဖေါင်ကြီးမှာ စစ်သင်တန်း မဖြစ်မနေ တက်ရမယ်။ လိုအပ်ရင် စစ်တိုက်ပေးပါ့ မယ်။ သဘောတူ ဝန်ခံလက်မှတ် ထိုးမှ ရာထူးတိုးကိစ္စ စဉ်းစား ဆောင် ရွက်ပေးမယ် ပြောတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကြောင်းကြီး ၅ ကြောင်း အသွင်ဖြင့်လည်း ဧရာဝတီတိုင်းအတွင်းက မြို့နယ် အသီးသီးတွင် စည်းရုံး စုစည်းခြင်းများကိုလည်း လုပ်ခဲ့ပါသေးသည်ဟု ဆိုသည်။

စစ်ကြောင်းကြီး ၅ ကြောင်းမှ ပါလာသော စစ်ဒေသမှူးနှင့် ဌာနဆိုင်ရာ အရာရှိများက အုပ်ချုပ်ရေး လုံခြုံရေး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စများကို ရှင်းလင်းပြောကြားပြီးနောက် CRPH၊ NUG နှင့် PDF တို့ကို လက် မခံရန် မဆက်သွယ်ကြရန်နှင့် သတင်းရရှိပါက သတင်းပေးကြရန် ပြောကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ရပ်ကွက်နဲ့ ရွာတွေမှာ စစ်ကြောင်း တကြောင်းစီ အတွက် တာဝန်ခံ တယောက်စီ ခန့်တယ်။ တာဝန်ခံ ခေါင်း ဆောင်ကို ပြည်သူ့စစ် ယူနီဖေါင်း ထုတ်ပေးတယ်၊ စစ်ကြောင်းထိုးတဲ့အခါ တာဝန်ခံ တစ်ယောက်ကို ငါးယောက် စီ စည်းရုံးပေးရမယ်။ စည်းရုံးပါဝင်လာတဲ့ သူတစ်ဦးချင်းကလည်း ဆက်ပြီး ငါးယောက်စီ ထပ်ခါ ထပ်ခါ စည်းရုံး ပေးရမယ်” ဟု ရပ်ကျေး ရာအိမ်မှူးတစ်ဦး က  ရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လအတွင်းက မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် အပါအဝင် အချို့သော တိုင်းနှင့် ပြည်နယ်များ အတွင်းရှိ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်သင်တန်း တက်ရောက်ရန်နှင့် စစ်ရေး တာ ဝန် ထမ်းဆောင်ရန် စာရင်းကောက်ခြင်းနှင့် စစ်ကြောင်း ၅ ကြောင်း အသွင်ဖြင့် အင်အား စုစည်း စည်းရုံးခြင်း တို့ ကို လုပ်ခဲ့ကြသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်များမှာ ယခင်ကတည်း အင်အားပြည့် ဖွဲ့စည်းခဲ့ခြင်း မဟုတ်သည့် အပြင် စစ် တပ် အာဏာသိမ်း ပြီးနောက်ပိုင်း စစ်တပ်ထဲ ဝင်ရောက် တာဝန်ထမ်းဆောင်သည့်သူမှာ မရှိသလောက် ဖြစ်လာ ခြင်း၊ CDM လုပ်သည့်သူ များပြားခြင်းနှင့် တိုက်ပွဲများထဲ ကျဆုံးခြင်းအပြင် ထွက်ပြေးသူများ ရှိနေခြင်းတို့ ကြောင့် စစ်ကောင်စီတပ်တွင် ရှေ့တန်းထွက်၍ တိုက်ပွဲဝင်မည့် စစ်သားအင်အား လိုအပ်ချက်များ ဖြစ်နေ သည်ဟု အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦး က သုံးသပ် ပြောဆိုသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...