လက်နက်ကြီးကျည်ကျကွဲမှုကြောင့် ကျောင်းရွာဒေသခံ ၇ ဦး ဒဏ်ရာရ

လက်နက်ကြီးကျည်ကျကွဲမှုကြောင့် ကျောင်းရွာဒေသခံ ၇ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီး ၆ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲနှင့် ရွာအပြင်ဘက်တွင် လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

“မနေ့ (စက်တင်ဘာ ၁၂) ညနေက ရွာထဲမှာ လက်နက်ကြီး ၃ လုံး ကျလာတယ်။ စာသင်ကျောင်းမှာ တစ်လုံး ကျ တယ်။ ရွာလယ်လမ်းမတန်း ဆေးရောင်းတဲ့ဆိုင်နားမှာ တစ်လုံးကျတယ်။ အုန်းတောဘက်ခြမ်းမှာရှိတဲ့ ဈေးထဲမှာ တစ်လုံးကျတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ အရွယ် မချမ်းအပါအဝင် အမျိုးသမီး ၆ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

ကျည်ထိမှန်ဒဏ်ရာရ အမျိုးသမီးတစ်ဦးက “အချို့အလုပ်လုပ်နေသူတွေက လက်နက်ကြီးအပိုင်းအစ လွင့်လာ တော့ ထိသွားတယ်။ ကျမအပါအဝင် လူ ၇ ယောက်ထိသွားတယ်။ လက်နက်ကြီးက ကျမတို့အိမ်ရှေ့တည့်တည့် ကျလာတော့ ဈေးဆိုင်ဆိုတော့ ပျက်စီးဆုံးရှုံးသွားတာများတယ်။ ခေါင်းနည်းနည်းထိသွားတယ်” ဟု IMNA သို့ ပြောသည်။

လက်နက်ကြီးကျည်တစ်လုံးသည် ကျောင်းရွာ အထက (၂) စာသင်ကျောင်း အနောက်ဘက်တွင် ကျရောက် ပေါက်ကွဲခဲ့သည့် အတွက် ကျောင်းရှိ ဆရာ၊ ဆရာများ ကျောင်းသား ကျောင်းသူများ ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ ကြသည်။

ကျည်စ ထိမှန်ဒဏ်ရာရသူများ အနက်မှ မချမ်းဆိုသည့် အမျိုးသမီးမှာ ရေးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ကျန်သူများသည် ကျောင်းရွာဆေးရုံဆေးတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြရသည်။

ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ လက်ချက်ဟု စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်တို့တွင် ရေးသားထားသော်လည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လာရောက် စစ်ဆေးခြင်းမရှိဘဲ ဒေသခံမျညးအတွက် လုံးခြုံရေးအကာကွယ်ကင်းမဲ့နေသည်ဟု ဆိုကြသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လည်း အရပ်သား ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...