စစ်ဆေးရေး ဂိတ်တွင် အဖမ်းခံရသည့် အရပ်သားများ နှစ်ရှည်ထောင်ဒဏ်ချမှတ်

စစ်ဆေးရေး ဂိတ်တွင် အဖမ်းခံရသည့် အရပ်သားများ နှစ်ရှည်ထောင်ဒဏ်ချမှတ်

အင်းတော်မြို့မှာ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦးကို စစ်ခုံရုံးက ထောင်တစ်သက်တစ် ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချလိုက်သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦးအား စစ်ကောင်စီ လက်အောက်ခံ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်အတူ နှစ်ရှည် ထောင်ဒဏ်များ အသီးသီး ချလိုက် ခြင်း ဖြစ်သည်ဟု Indaw Revelation - IR မှ တာဝန်ရှိသူက ပြောသည်။

“သူတို့က သာမာန်အရပ်သားတွေပဲ။ ၂ ယောက်က အင်းတော်မြို့နယ်ထဲကပါ၊ ကျန်နှစ်ယောက်က တခြားဒေသ ကပါ။ ဖမ်းခံရတာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ သူတို့ဖြတ်ရင်းနဲ့ သူတို့ကို စစ်ရင်းနဲ့ ဖမ်းခံရတာ။ ၄ ယောက်လုံးက တစ်လတည်းမှာ ဖမ်းခံရတာ အတူတူတော့ မဖမ်းခံရဘူး။”

၎င်းတို့ ၄ ဦးကို စစ်ကောင်စီခုံရုံးမှ စက်တင်ဘာလ ၂ ရက်နေ့တွင် တစ်သက်တစ်ကျွန်းထောင်ဒဏ်နှင့်အတူ နှစ်ရှည်ထောင်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ Indaw Revelation - IR မှ တာဝန်ရှိသူက “ကိုကျော်သက်ကတော့ ၇ လပိုင်း ၁၂ ရက်နေ့မှာ နန်းခါရွာအထိပ်မှာ အင်းတော်မြို့နဲ့ ကပ်ရပ်ပေါ့ အဲ့ရွာထိပ်မှာ ဖမ်းခံရတယ်။ ကျန်တဲ့ နှစ် ယောက်ကတော့ အောက်ပိုင်းကနေ တတ်လာပြီး အင်းတော် စစ်ဆေးဂိတ်မှာ ကားပေါ်ကနေ ဆွဲချပြီးတော့ ဖမ်းလိုက်တာ။ သူတို့က ဘာအလုပ်လုပ်တဲ့ သူတွေလည်းတော့ မသိဘူး။ တော်လှန်ရေးထဲ ပါဝင်နေတဲ့သူတော့ မဟုတ်ဘူး သာမာန်အရပ်သားပြည်သူတွေပဲ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများထဲက ကိုဇော်မျိုးနိုင်သည် အင်းတော်မြို့၊ ညောင်ပင်စုရပ်ကွက်မှ ဖြစ်ပြီး ၎င်းအား ပုဒ်မ ၅၀ - ည၊ ၅၂ - က နှင့် ကိုတင်မောင်ဝင်းကိုလည်း ပုဒ်မ ၅၀ - ည၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ - ဂ တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ကျန်နှစ်ဦးဖြစ်သည့် မသီတာဝင်း နှင့် ကိုကျော်သက်တို့အားလည်း အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ - က နှင့် ၅၂ - ခ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။

၎င်းတို့ ၄ ဦးမှာ ဇူလိုင်လတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ထုတ်ထားသည့် ဒေသဖြစ်ကာ အစစ်အဆေး တင်းကြပ်နေသည့် မြို့နယ်ဖြစ်သည်။

အင်းတော်မြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း တစ်သက်တစ်ကျွန်း၊ သေဒဏ် နှင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရသူ ၁၅ ဦး အထိရှိနေကြောင်း ဒေသခံများနှင့် Indaw Revelation - IR မှ တာဝန်ရှိသူတို့က ပြောသည်။

ဒေသခံတစ်ဦးက “အင်းတော်မှာတော့ အခြေအနေ အတော်တော်ဆိုးတယ်။ အဖမ်းအဆီးတွေက အစ အစစ် အဆေးတွေကအစ မြို့ပေါ်နေတဲ့ ပြည်သူတွေက ဒုက္ခရောက်တာပေါ့။ စစ်ရေး အခြေအနေကတော့ အခု တလောငြိမ်နေတယ်” ဟု ပြောသည်။

ထို့အပြင် ဩဂုတ်လ ၁၈ ရက်နေ့တွင်လည်း အင်းတော်စစ်ခုံရုံးမှ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ပြည် သူ ၄ ဦးအား သေဒဏ်ချ မှတ်ခဲ့သေးသည်။

ဩဂုတ်လ ၁၈ ရက်နေ့က သေဒဏ်ချမှတ်ခံရသူများမှာ ကားဆရာ ကိုဇော်မျိုးထွန်း (ခ) တိုနီ၊ ကိုကျော်စွာဝင်း (ခ) ကျော်စွာနှင့် မမြင့်မြင့်အေး (ခ) မအေးအေး၊ ကိုအောင်ကျော်ကျော် (ခ) လားလား တို့ဖြစ်ကြပြီး ၎င်းတို့အား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉-က နှင့် ၅၂-က တို့ဖြင့် တရားစွဲဆိုကာ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း Indaw Revelation- IR က ထုတ်ပြန်ထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...