နာဂဒေသတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ် စီးခွင့်မရ

နာဂဒေသတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ် စီးခွင့်မရ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးစီးပါက ဖမ်းဆီးကာ ထောင်ဒဏ်ပါ ချမှတ်နေကြောင်း ဒေသခံများကပြောသည်။

အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သာ စီးခွင့်ရနေပြီး ဖမ်းဆီးခံရသူများအား ထောင်ဒဏ်အဖြစ် တစ်လ ချကြောင်း လဟယ်ဒေသခံတစ်ဦး က ပြော သည်။

လဟယ်ဒေသခံက “ဒီက အထွေထွေ ဦးစီးဌာနက သူတို့က ဒေသန္တရ ဥပဒေအရ လဟယ်မြို့ပေါ်မှာ အမျိုးသား နှစ်ဦး ဆိုင်ကယ် စီး ခွင့် မရှိရဘူး။ အမျိုးသမီး နှစ်ဦး စီးခွင့်ရှိတယ်။ အမျိုးသားတစ်ဦးရဲ့ နောက်မှာ အမျိုးသမီး တစ်ဦးစီးခွင့် ရှိတယ်။ ဆိုပြီး ထုတ်ပြန်တယ်။ အဲ့မှာ ဘယ်လိုဖြစ်သွားလည်း ဆိုရင် ကျေးရွာလာတဲ့ ကလေးတွေ က အမျိုးသားနှစ်ယောက် စီးလာတယ် ဖမ်းသွားတယ်။ ဖမ်းပြီးတော့ ဒဏ်ငွေမဟုတ်ဘဲနဲ့ ထောင်ဒဏ် တစ်လချ လိုက်တယ်။ ဒီမှာက မာရှယ်လော ထုတ်ခံထားရတဲ့ ဒေသလည်းမဟုတ်ဘူး” ဟု ပြောသည်။

လဟယ်မြို့နယ် အထွေထွေဦးစီးဌာနက ဒေသန္တာရ ဥပဒေချမှတ်ပြီးနောက် ဒေသခံပြည်သူ ၄ ဦး ဖမ်းဆီးခံလိုက် ရာ တစ်လနီးပါးရှိလာနေပြီ ဖြစ်သော်လည်း ပြန်မလွတ်သေးဘူးဟု ဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့၌ လဟယ်မြို့နယ်ရှိ ဂဟုန်းစံပြကျေးရွာ အနီးရှိ လူမနေသည့် တောင်ယာတဲတွင် PDF များ ၏ လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး နောက်တွင် လဟယ်မြို့သို့ အဆိုပါ ထုတ်ပြန်ချက်အား ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒေသန္တာရ ဥပဒေကြောင့် ဒေသခံပြည်သူများမှာ တောင်ယာအခင်းသို့ သွားလာခြင်း၊ ရုံးသွားခြင်းနှင့် လဟယ်မြို့သို့ အခြားသော ကျေးရွာများမှ ဈေးလာဝယ်ကြသည့် ပြည်သူများ သွားရေးလာရေးအတွက် အခက် တွေ့နေရကြောင်း လဟယ်မြို့ခံ တစ်ဦးက ပြောသည်။

“ဆိုင်ကယ် အမျိုးသား နှစ်ယောက်မစီးရ အမိန့်ထုတ်ထားတော့ ဒုက္ခရောက်နေတယ်။ ပြည်သူတွေကို သက် သက် နိမ့်နေတာပဲလေ။ သူတို့ အသက်လုံခြုံရေးအတွက်ဖြစ်မယ်၊ မြို့တွင်းခြေကျင်လျှောက် ဂိတ်ကျော်မှ စီး ရတယ်လေ။ နှစ်ယောက်စီးတာ တွေ့ရင်ဖမ်းတယ်။ အချုပ်ထဲထည့်တာ၊ အခု လေးယောက်ဖမ်းထားတာ မလွှတ် ပေးသေးဘူး” ဟု ပြောသည်။

ထို့အပြင် ဩဂုတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ လော်ဘီများ၏ တယ်လီဂရမ်ချယ်နယ်များတွင် ခန္တီး PDF ၄ ဦး စစ်ကောင်စီဘက်သို့ ဘက်ပြောင်းသွားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ခန္တီး ပကဖ အဖွဲ့အား မေးမြန်းရာ မဟုတ်ကြောင်း အတည်ပြုပြော ဆိုထားသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...