ဘီးလင်းတိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဘီးလင်းတိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးသွားသည်။

စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီယာဥ်တန်းကို ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ဆိုင်း ပစ်ခတ် တိုက် ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်စဥ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာပြီး အင်အားမမျှသည့်အတွက် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ရသည်။

စစ်ကောင်စီဝါဒဖြန့် Telegram Channel တွင် တိုက်ပွဲအတွင်း KNU၊ KNLA၊ PDF ပူးပေါင်းအဖွဲ့ဝင် ၃ ဦး အသေ ပစ်ခတ် ဖမ်းဆီးရမိခဲ့သည့်အပြင် RPG (၁) လက်၊ M - 16 (၁) လက်၊ M - 22 (၁) လက်နှင့် ခဲယမ်းအချို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

တိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင် ဖြတ်သန်း သွားလာနေသည့်ကားများ ခေတ္တရပ်နားခဲ့သည့်အပြင် စစ်ကောင် စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အလူးကျေးရွာနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိ သည်ဟု ဒေသခံနှင့် ခရီးသွားပြည်သူများက ပြောသည်။

Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...