ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဆိုသူ သည် မိုးနိုင်းဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဥ် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်ကုန်-မော်လ မြိုင် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြို့ခံတစ်ဦးက “ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာပြီးတော့ ပစ်သွားတာ။ သေနတ်သံ ဆယ်ချက်လောက်ရှိ မယ်။ ပစ်သွားတာ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား ကိုကိုလွင်၏ မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရရှိသည့်ဒဏ်ရာ များဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးခဲ့‌သည်။

ပစ်သတ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် ပေါင်မြို့နယ်ရဲစခန်းမှ ၎င်း၏ ရုပ်အလောင်းကို လာရောက်သယ်ယူသွား ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ပေါင်မြို့နယ်ရဲစခန်းမှ မိုးနိုင်းရပ်ကွက် အပိုင် နယ်ထိန်းရဲ ဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး သည် ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ပစ်သတ်ခံခဲ့ရသည်။

ဇူလိုင်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ စားသောက် ဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် နယ်ထိန်းရဲ တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ကြား ရန်ကုန် - မော်လမြိုင် ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...