ရှမ်းမြောက်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ရှမ်းမြောက်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ဒေသခံ ၃ ဦးဒဏ်ရာရရှိကာ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဒေသခံတစ်ဦးက “ရပ်ကွက် ၁ က အမျိုးသားတစ်ယောက်ရယ် အမျိုးသမီးတစ်ယောက်ရယ် ၂ ယောက်ထိ တယ်။ ဒီဟိုပုံးမှာ ကျတော့ အမျိုးသားရယ် အမျိုးသမီးရယ်၊ အမျိုးသမီးကတော့ အဲမှာပဲ ပွဲချင်းပြီးသွားပြီ။ ဟိုပုံးစုစည်းက” ဟု ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရသည့် အခြေအနေနှင့် ပတ်သက်၍  အဆိုပါ ဒေသခံက  ယခုကဲ့သို့ ဆက်ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် ဒီ မနက်ပိုင်းမှာ ဆယ်နာရီ ဝန်းကျင်လောက်မှာ အဲဒီ အရပ် ဝတ်နဲ့ ဆိုင်ကယ်တစ်စီး အဲဒီ ပြည်ထောင်စု လမ်းမပေါ်မှာ ဆိုင်ကယ်လေးနဲ့ မိုးထောင်ပြီးမှ သေနတ် ဖောက်သွား တာတော့ ရှိတယ်။ ဒါပေမယ့် အဲလူကြီးက ဘယ်ကလူကြီးမှန်းတော့ မသိဘူးပေါ့လေ။ အဲဒါနဲ့ သူတို့က ရန်သူဘာ လား ဆိုပြီးတော့မှ ရမ်းသန်းပစ်ပြီးတော့မှ အဲလိုမျိုး ထိခိုက်မှုတွေ ရှိတာပေါ့ ။ တိုက်ပွဲ ရှိတာတော့ မရှိဘူးပေါ့ နော်။”

ဩဂုတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ရမ်းသမ်းပစ် ခတ်ခဲ့သည် ဟု ဆိုသည်။

ထိုသို့ ရမ်းသမ်း ပစ်ခတ်ရာမှ လူထုများရှိရာ ဒေသဖက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိ ခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားသည်။ သို့သော် မစိုးရိမ်ရသည့် ဒဏ်ရာသာ ရရှိထားသည်ဟု ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း နမ့်ဖက်ကာထဲကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တပ်ဖွဲ့များ ဝင်ရောက်လာသည့် သတင်းကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ သေး သည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် နမ့်ဖက်ကာ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ ဖက်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။

အလားတူ သြဂုတ်လ ၂၉ ရက်မှာလည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်း တပ်မ တော် (TNLA) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် လူ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သေးသည်။

အဆိုပါ တိုက်ပွဲကြောင့် စယ်လန့်ကျေးရွာအုပ်စုရှိ ဒေသခံ ၂ ထောင်ကျော်သည် မူဆယ်နှင့် နမ့်ခမ်းမြို့ နယ်ဘက် သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...