NCA လက်မှတ်ထိုး လက်နက်ကိုင် ၅ ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

NCA လက်မှတ်ထိုး လက်နက်ကိုင် ၅ ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC  နှင့် အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တပ်ဖွဲ့  ၅ ဖွဲ့တို့ နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း NCA-S EAO အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ ဗိုလ်ချုပ်ရာပြည့်  ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့  နှင့် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် ၅ ဖွဲ့၏ ကိုယ်စားလှယ်များသည် သြဂုတ်လ (၃၁) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြမည်ဟု NCA-S EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ဆုံမှုမှာ အဖွဲ့ဝင် (၅) ဖွဲ့ရဲ့ ကိုယ်စားလှယ် အသီးသီး တက်ရောက် ဆွေးနွေးနေပါတယ်။ ဆွေးနွေးမှုကတော့ (၃) ရက်ကြာ ပြုလုပ်မှာ ဆိုတော့ မနက်ဖြန်မှပဲ အစည်းအဝေးက ပြီးမှာပါ။ ဆွေးနွေးမှု အသေးစိတ် အချက်အ လက်တွေကိုတော့ ဆွေးနွေးပွဲပြီးတဲ့ မနက်ဖြန်မှ သိရမှာပေါ့” ဟု NCA-S EAO တာဝန်ရှိသူ တစ်ဦးက ပြောသည်။

NSPNC နှင့် တွေ့ဆုံဆွေးနွေးမှုတွင် အပစ်ရပ် (NCA) အဖွဲ့ (၅) ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲပြုလုပ် မည့် ကိစ္စများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ အမည်မဖော်လိုတစ်ဦးက ပြော ဆို သုံးသပ်ထားသည်။

“ကြိုပြီးတပ်အပ်ပြောနိုင်တဲ့ ကိစ္စ မဟုတ်ပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ဆင်လိုတဲ့ အချက်တွေ၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖွဲ့စည်း တည်ထောင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆွေး နွေးဖြစ်ကြမယ် ထင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စလည်းပါမှာပေါ့၊ စစ်ကောင်စီ အနေ နဲ့ ဒါတွေကိုပဲ ဆွေးနွေးဖို့ရှိတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောဆိုထားသည်။

ယခု တစ်ကြိမ် NCA-S EAO နှင့် NSPNC တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က မတက်ရောက်ကြကြောင်းဘူးဟုလည်း နီးစပ်သူများက ဆိုသည်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် သျှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ပူးပေါင်းအဖွဲ့ဝင် အဖြစ်သာ ရှိနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များအား ဖော်ဆောင်ရန်အတွက်ဟု ဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (၁) နှစ် ကြေညာထားသော်လည်း မြေပြင်စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...