အင်းလေးက မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

အင်းလေးက မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် မိသားစု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခေါ် သွားသည်။

သြဂုတ်လ ၂၈ ရက်နေ့ ညအချိန်တွင် အင်းလေးဒေသ သပြေပင်သစ် အမှတ် ၃ ကျေးရွာနေ မိသားစု ၄ ဦးကို စစ် ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး စက်လှေ ၂ စီးနှင့် လူအင်အား ၁၀ ကျော်သုံးကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အင်းလေးဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်း သံတော်ဆင့်ကို ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “လာဖမ်းသွားတဲ့ အချိန်က ညနေစာ ထမင်းစားပြီးတဲ့အချိန်လောက်ပဲ ကလေးငယ် ၂ ယောက် လူကြီး ၂ ယောက် ပါသွားတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သေသေချာချာမသိဘူး။ အတင်း ဖမ်းခေါ်သွားတယ်“ ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ ဖမ်းဆီးခေါ်သွားခဲ့သည့် မိသားစုဝင် ၄ ဦးထဲတွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် ယောက်ကျားလေးတစ်ဦးလည်း ပါဝင်သည်။

လက်ရှိမှာ မိသားစု ၄ ဦးထဲမှ ကလေးငယ် ၂ ဦးကို ညောင်ရွှေမြို့နယ် ရဲစခန်းတွင် ချုပ်ထားပြီး၊ မိဘ ၂ ဦးကိုမူ တွေ့ခွင့် မရသေးကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မိသားစုဝင် ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်နေကြောင်း စစ်ကောင်စီတပ်က စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“အင်းထဲမှာ ဒီလိုဖြစ်စဉ်တာတွေက မနည်းတော့ဘူး။ တစ်ခေါက်ကလည်း နှင်းဆီပန်း ပုံတင်လို့ အိမ်ဝိုင်းခံရတာ လည်း ရှိတယ်။ သူတို့ထင်ရင် ထင်သလို လိုက်ဖမ်းနေတာ။ အခုလည်း PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာပဲ ဖြစ်နိုင်တယ်“ ဟု မယုလှိုင်သင်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အင်းလေး ဒေသမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်ခဲ့ရာ စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးသွားခဲ့သည်။ အဆိုပါ အမျိုးသားမှာလည်း ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်လာနိုင်ခြင်း မရှိသေးဘူးဟု မိသားစုနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

Photo - CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...