ဘီးလင်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဘီးလင်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင်တိုးဂိတ်ဟောင်းရှိ စစ်ဆေးရေးဂိတ် ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

ရွှေသံလွင် တိုးဂိတ်ဟောင်းရှိ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တိုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများ က ပြောသည်။

စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ချိန်တွင် ကားလမ်းပေါ် ဘေးတွဲဆိုင်ကယ်ဖြင့် သွားလာနေသည့် အသက် ၃၅ နှစ်အရွယ် ဦးသိန်းထူးအောင်ဆိုသူ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း ခေတ္တပိတ်ခဲ့ရပြီး နှစ်ဖက် ယာဉ်စီးရေ ရာနှင့် ချီ စောင့်ဆိုင်းခဲ့ရကြောင်း ခရီးသွားပြည်သူများက ပြောသည်။

“ဘီးလင်း၊ ဒေါက်ရပ်ကျေးရွာ မရောက်ခင်လေးမှာဘဲ ပစ်ခတ်သံတွေကြားရလို့ တချို့လည်း ရပ်စောင့်နေတာမျိုး ရှိတယ်။ တချို့လည်း ကားတွေပြန်လည့်ကြပြီးတော့ ရွှေရောင်ပြလောက်ကနေ ပြန်စောင့်နေတာမျိုးရှိတယ်။ ပစ်ခတ်မှုတွေက သိပ်တော့ မကြာဘူး။ မနက် (၈) နာရီလောက်မှာ လမ်းပြန်ပွင့်သွားတယ်” ဟု မော်လမြိုင်မြို့မှ ခရီးသွားတစ်ဦးက ပြောသည်။

ရွှေသံလွင် တိုးဂိတ်ဟောင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုခဲ့သည်ဟု သတင်းထွက်နေသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်း တစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။

မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...