ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ပေးမည်ဟု စစ်ကောင်စီပြော

ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ပေးမည်ဟု စစ်ကောင်စီပြော

မိမိတို့၏ နောက်ဆုံးရည်မှန်းချက်ဖြစ်သော အထွေထွေရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်‌ပေးရန် ရည် ရွယ်ထားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဩဂုတ် ၂၂ ရက်နေ့တွင် ကျင်းပသည့် စစ်ကောင်စီ၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “လူတိုင်း အများစု မဲဆန္ဒရှင်တိုင်းရဲ့ မဲပေးခွင့်အခွင့်အရေး မဆုံးရှုံးစေရဘူး။ ပြီးရင် မှန်ကန်တဲ့ နည်းလမ်းမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်၊ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်ဖို့ ကျနော်တို့ ရည်ရွယ်တယ်၊ ကျနော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ရွေးကောက်ပွဲကို အများပြည်သူပါဝင်နိုင် အောင် ကျနော်တို့ ဆောင်ရွက်ပေးမယ်၊ လုံခြုံမှုရှိအောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ ပြည့်ပြည့်စုံစုံ မဲပေး နိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ မဲပေးတဲ့အခါမှ အကြောက်တရားကင်းကင်းနဲ့ မဲပေးနိုင်အောင် ဖိအားမရှိဘဲနဲ့ မဲပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးရမယ်၊ ပြီးရင် တရားမျှတမှုရှိတဲ့ နည်းလမ်းမှန်ကန်မှု ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင်လုပ်ရမယ်။ ဒါလိုပြီးတာနဲ့ အာဏာလွှဲပေးဖို့ ရှိတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား အာဏာ ပြန်လွှဲအပ်မည်ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောကြားထားသည်။

ထို့အတူ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့ သည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၃၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယင်းအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းလုံးဆောင်ရွက်မည့် ပါတီ ၇ ပါတီနှင့် ကျန်ပါတီများမှာ တိုင်းဒေသကြီး ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်မည့်ပါတီ ၂၉ ပါတီရှိပြီဟု သိရသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ထားပြီး ယနေ့အထိ ပါတီမှတ်ပုံတင်မကျသေးသည့် နိုင်ငံရေးပါတီများရှိနေပြီး စစ်ကောင်စီ အနေဖြင့်လည်း စိစစ်နေဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ဆက်ပြောသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် လျှောက်ထားပါတဲ့ ပါတီများအနေနဲ့ ကျန်ရှိနေသေးတဲ့ ပါတီများကိုလည်း လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်ပြီးချိန်မှာ ခွင့်ပြုသွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ ဒီနေရာမှ သတိ ပြုသင့်တဲ့ အချက်တွေအနေနဲ့တော့ ပထမတစ်ချက်အနေနဲ့ပါတီဟောင်းတွေ သာမက ပါတီအသစ် ၆ ပါတီ ရှိ လာတာဖြစ်ပြီး ဒုတိယအချက်ကတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၇ ပါတီ ရှိနေတာ ဖြစ်ပါ တယ်။ တတိယအချက်အနေနဲ့ကတော့ ကျန်ရှိတဲ့ပါတီများမှာလည်း အများစုမှာ တိုင်းရင်းသား ပြည်နယ်များမှာ စည်းလုံးဆောင်ရွက်မယ့်ပါတီများ ဖြစ်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်သူ့ပါတီ (PP) နှင့် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော ရခိုအမျိုးသားအပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP) တို့ကို မှတ်ပုံတင် ချပေးခြင်း မရှိသေးဘူးဟု အဆိုပါ ပါတီအသီးသီးက တာဝန်ရှိသူများက ပြောဆိုထားသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ယာယီသမ္မတ ဒူးဝါလရှီလက ပြောကြားထားသည်။

Most read this week

December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...