တောင်ပျောက်တိုက်နယ်ထဲ စစ်တပ်စစ်ကြောင်းဝင်လာလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တောင်ပျောက်တိုက်နယ်ထဲ စစ်တပ်စစ်ကြောင်းဝင်လာလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာ ရဲစခန်းသို့ ရောက်ရှိပြီး အလယ်စုကျေးရွာနှင့် ဝင်းကဖော်ကျေး ရွာထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု ပြောသည်။

“စစ်ကြောင်းထိုးတော့မယ်ဆို သူတို့က သဲချောင်းကြီးရဲစခန်းမှာ အရင်အင်အားစုလေ့ရှိတယ်။ အဲဒါသိလို့ ပြည် သူတွေကလည်း မနက်နေရောင် မြင်ကတည်းက ရွှေ့ရခက်တဲ့ သက်ကြီးရွယ်အိုတွေကို ရွှေ့နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ရ ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် သဲချောင်းကြီးကျေးရွာနှင့် အနီးရှိ ကျွဲခြံကျေးရွာ၊ အလယ်စု ကျေးရွာ အပါအဝင် တောင်ပျောက် တိုက်နယ်ထဲရှိ ကျေးရွာ ၉ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်း ရှောင်နေကြရသည်။

“ဖြတ်လေးဖြတ် ဖြတ်ထားတာကလည်း နှစ်နှစ်ကျော်သွားပြီဆို‌တော့ ပြည်သူတွေက ကိုယ့်အိုး ကိုယ့်အိမ်တွေဆီ ပြန်နေကြတာတော့ရှိတယ်။ အခုတော့ အကုန်ပြန်ရှောင်နေရပြီ” ဟု တောင်ပျောက် တိုက်နယ်က အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်း ထိုး ဝင်ရောက်လေ့ရှိသော်လည်း ၂၀၂၂ နှစ်ကုန်ပိုင်းကနေစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မှုမရှိ ဘဲ ယခုအခါ တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...