နယ်စပ်မြို့တော် မောင်တောတွင် ကုန်ဈေးနှုန်းအပြင် သားငါးပုစွန်စျေးပါ အဆမတန်ကြီးနေ

နယ်စပ်မြို့တော် မောင်တောတွင် ကုန်ဈေးနှုန်းအပြင် သားငါးပုစွန်စျေးပါ အဆမတန်ကြီးနေ
(Photo - Aye Tun Aye) မောင်တောမြို့မစျေးမှ တစ်ပိဿာကျပ် ကျပ်တစ်သိန်းဖြင့်ဝယ်သွားသည့် ငါးသလောက်။
(Photo - Aye Tun Aye) မောင်တောမြို့မစျေးမှ တစ်ပိဿာကျပ် ကျပ်တစ်သိန်းဖြင့်ဝယ်သွားသည့် ငါးသလောက်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့တစ်ခုဖြစ်သော မောင်တောမြို့တွင် အခြား မြို့များထက် ကုန်ဈေးနှုန်းအပြင် သားငါးပုစွန်ဈေးနှုန်းများပါ အဆမတန်မြင့်တက်နေကြောင်း မြို့ခံများက ပြော သည်။

မောင်တောမြို့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များနှင့်အတူ ရေထွက်ငါးပုစွန်များလည်း ဈေးကြီးနေရာ မိုခါ မုန်တိုင်းအလွန်တွင် ငါးပုစွန်ဈေးနှုန်း အဆမတန်ထိုးတက်သွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယခု ဩဂုတ်လထဲတွင်ဆိုလျှင် မောင်တောမြို့မဈေးကြီးတွင် ငါးသလောက် တစ်ပိဿာကောင် တစ်ကောင်ကို ကျပ်ငွေ ၁ သိန်းကျပ်ခန့် အထိဖြင့် ရောင်းချနေကြကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မောင်တောဈေးမှာ ငါးသလောက် တစ်ပိဿာကို တစ်သိန်းနဲ့ရောင်းနေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနေ့တောင် မှ ငါးသလောက်တစ်ကောင်ကို တစ်သိန်းတောင်းတယ်။ ဝယ်သူက ကိုးသောင်းနဲ့ ဝယ်သွားတာတွေ့တယ်” ဟု ပြောသည်။

ထို့အပြင် ကျားပုစွန် အလယ်အလတ်အရွယ် တစ်ပိဿာကို ယခင်နှစ်က ကျပ် ၆၀၀၀ မှ ကျပ် ၆၅၀၀ ခန့်သာ ရှိခဲ့ ရာမှ ယခုလက်ရှိအချိန်တွင် ၁၆၀၀၀ ကျပ်၊ ကျားပုစွန်အကြီးဆိုဒ်များဆိုပါက တစ်ပိဿာကို ကျပ် ၂၀၀၀၀ အထိ ပေးဝယ်နေရသည်။

အထက်ပါအမျိုးသားက “ပုစွန် သေးသေးလေးတွေတောင် အရင်က ငါးရာဖိုးဆို စားရတယ်။ အခု အဲဒါတွေ တောင် တစ်ထောင်ကျော်ဖိုးလောက် ဝယ်နေရပြီ” ဟု ပြောသည်။

မောင်တောမြို့မစျေးကြီးတွင် ရောင်းချနေသည့် ငါးပုစွန်များကို နတ်မြစ်ကို အမှီပြုနေသည့် ဒေသတွင်း ရေလုပ် ငန်းများမှ အဓိကရရှိနေခြင်းဖြစ်သည်။

နတ်မြစ်ကမ်း အနီး တည်ရှိသည့် မောင်တောမြောက်ပိုင်း ရွှေဇား၊ ပေါင်းဇား၊ လောင်ပေါ်ကျ၊ သူကြီးသားစသည့် ကျေးရွာများရှိ ရေလုပ်ငန်းများနှင့် မောင်တောတောင်ပိုင်း မန်ကျည်းချောင်း၊ မောင်နီရွာ၊ ချိန်ခါလီ၊ အလယ်ပြင် စသည့် ကျေးရွာရေလုပ်ငန်းများက မောင်တောမြို့၏ ငါးစားသုံးမှုစျေးကွက်ကို အဓိကဖြည့်တင်းနေခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “အဓိကတော့ ဒီကငါးစျေးကွက်မှာ ဒေသတွင်းကရေလုပ်ငန်းတွေက ရတာပါ။ ကျေးရွာ ရေ လုပ်ငန်းတွေက နတ်မြစ်မှာ ပိုက်ဆွဲပြီးရလာတဲ့ငါးတွေပေါ့။ တစ်ခုရှိတာက ဒီမှာ ရေချိုငါးစျေးကွက်မရှိဘူး။ ရေချိုငါးသိပ်မစားကြဘူး” ဟု ပြောသည်။

အဆိုပါ မောင်တော မြို့မစျေးကြီးတွင် အမဲသားနှင့်ဆိတ်သား တစ်ပိဿာကို ၂၄၀၀၀ ကျပ်၊ အိမ်ကြက် တစ်ပိဿာကျော် တစ်ကောင်ကို အနည်းဆုံး ၅၀၀၀၀ ကျပ်၊ မွေးမြူရေးကြက် တစ်ပိဿာကျော်တစ်ကောင်ကို အနည်းဆုံး ၂၁၀၀၀ ကျပ်ရှိပြီး ယင်းဈေးနှုန်းများမှာ မိုခါမုန်တိုင်းအလွန်တွင် ပိုမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ၁၂၀၀၀၀ ကျပ်၊ ဆီတစ်လီတာ တစ်ဗူးကို ၇၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာကို ၂၅၀၀၀ ကျပ်ခန့် ပေးဝယ်နေရပြီး ယခင်ထက် ဈေးနှုန်းမြင့်တက်သွားပြီဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများသည် လစာ နှစ်ဆရရှိကြသော်လည်း ယခုကဲ့သို့ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် ခက်ခဲနေကြသည်ဟု ဆိုသည်။

အထူးသဖြင့် ဒေသခံ လက်လုပ်လက်စား ပြည်သူများဆိုပါက ပိုမိုကျပ်တည်းလျက်ရှိသည်ဟုလည်း ဒေသခံများ က ပြောသည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...