ထိုင်း - ကရင်နီနယ်စပ်တွင် ကင်းထောက်လာသည့် စစ်လေယာဉ်များကြောင့် စစ်ရှောင်များ ထိတ်လန့်

ထိုင်း - ကရင်နီနယ်စပ်တွင် ကင်းထောက်လာသည့် စစ်လေယာဉ်များကြောင့် စစ်ရှောင်များ ထိတ်လန့်

ထိုင်း- ကရင်နီ နယ်စပ်တွင် ကင်းထောက်လာသည့် စစ်ကောင်စီ၏ ကင်းထောက် လေယာဉ်များကြောင့် ထိုင်း နယ်စပ်တွင် ယာယီခိုလှုံနေသော ဒေါနို့ကူးစစ်ဘေးရှောင် လူထုအချို့ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြ ရသည်။

ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ ပျံဝဲနေ သောကြောင့် စစ်ရှောင်များက ထိတ်လန့်စိုးရိမ်ခဲ့ကြသည်။

အဆိုပါ စစ်ရှောင်စခန်းကို ရောက်ရှိနေသူ တစ်ဦးက “သူတို့လေယဥ်သံကြားတာနဲ့ သူတို့ ထွက်ပြေး ကုန်တာပေါ့ နော်။ မလုံခြုံဘူးဆိုတဲ့ သူတို့ စိတ်ထဲမှာ အဲ့လိုမြင်တွေ့ရတယ်။ ကျနော်တို့ကို လာကြဲသွားမလားဆိုတဲ့ အနေ အထားကို မြင်တွေ့ရတယ်၊ ပြည်သူတွေ ဖရိုဖရဲဖြစ်ကုန်တာပေါ့။ ဥပမာ ရေချိုးနေတုန်း တန်းလန်း အမျိုးသမီး တစ်ယောက်ဆိုလည်း ခေါင်းပေါ်မှာ ခေါင်းလျှော်ရည် ကျန်နေသေးတာပေါ့နော်။ အဲ့ဒါနဲ့ ထွက်ပြေးပြီးတော့မှ ရှိ တဲ့ အဝတ်စားလေးနဲ့ ထွက်ပြေးတယ်” ဟု ပြောသည်။

အဆိုပါ ဒေါနို့ကူး စစ်ဘေးရှောင် စခန်းကို ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီ၏ လေတပ်ကနေ ဗုံးကြဲ တိုက် ခိုက်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ၎င်းတို့အား ယာယီနေထိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။

စစ်ဘေးရှောင်အချို့မှာ ထိုအချိန်က အဖြစ်အပျက်များကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ ရှိနေပြီး လေ ယာဉ်သံ၊ ဗုံးသံများ ကြားသည့်အခါတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ဆိုသည်။

“စစ်ရှောင်လူထုတွေဟာ သူတို့ စိတ်ထဲမှာ လေယဥ်သံကြားတာနဲ့ ထွက်ပြေးဖို့သာ ပြင်ဆင်နေကြတာကိုလည်း မြင်နေရပါတယ်” ဟု စစ်ရှောင်စခန်းထဲကို ရောက်ရှိနေသူက ပြောသည်။

စစ်ကောင်စီ၏ လေယာဉ်နှင့် ရဟတ်ယာဉ်များမှာ တပ်စခန်းများကို လက်နက်၊ ရိက္ခာများ လာရောက်ဖြည့်တင်း ပေးခြင်း ဖြစ်နိုင်ပြီး ဗုံးကြဲ တိုက်ခိုက်မှု မရှိခဲ့ဘူးဟု ကရင်နီတပ်မတော် KA၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

“ပစ္စည်းလာချတာ လူနာသယ်ပြန်တာ ဖြစ်မယ်။ ပစ္စည်းဆိုတာက အစားအသောက်တွေပေါ့။ ခဲယမ်းတွေ ပါလည်း ပါမှာပေါ့။ အဲ့ဒီ ပစ္စည်းတွေလို့ ပြောလို့ရတယ်လေ။ ခန့်မှန်းခြေတော့ လာချသွားတာပေါ့နော်။ လေယာဥ် တော့ မပစ်ချဘူး ဗုံးတော့မကြဲဘူး။ ဂျက်ဖိုက်တာက အပေါ်မှာသွားတယ် နောက် ရဟတ်ယဉ်က အောက်မှာ လာ တာပေါ့နော်။ အဲ့လိုမျိုးလုံခြုံရေးယူပေးတယ်” ဟု ကရင်နီတပ်မတော် KA ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံ ဘက်ခြမ်းထဲကို ရောက်ရှိနေကြသည့် ကရင်နီ စစ်ရှောင်ဦးရေ ၉၀၀၀ ကျော်ခန့် ရှိနေပြီး စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရသည့် ဒေါနို့ကူးစစ်ဘေးရှောင်စခန်းတွင်မူ လူဦးရေ ၄၀၀၀ ဝန်းကျင် ရှိနေသည်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...