ကျိုက်ထိုတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၄ ရွာက ဒေသခံများ ညတွင်းချင်း ထွက်ပြေးရ

ကျိုက်ထိုတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၄ ရွာက ဒေသခံများ ညတွင်းချင်း ထွက်ပြေးရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံ များ က ပြောသည်။

အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် သြဂုတ် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ပြီး ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာထဲ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် စသည့်ကျေးရွာတို့မှ ဒေသခံများ တောတောင်ထဲသို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ညဘက်ကြီး လက်နက်ကြီး ကျလာလို့ အကုန်ထွက်ပြေးရတာ။ ဘာမှတောင် ကောက်လို့ မမီဘူး။ မိုးကလည်း ရွာနေတော့ ပိုဆိုးသွားတယ်။ တချို့တွေဆိုရင် အခုထိ မပြန်ရဲသေးဘူး” ဟု ဇီးကုန်းဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများသည် စစ်ကောင်စီတပ် စစ်ကြောင်း ပြန်ထွက်သွားသည့်အချိန် သြဂုတ် ၁၈ ရက်နေ့ကစပြီး အချို့ နေရပ်ပြန်လာကြသော်လည်း အများစုကတော့ စစ်ကြောင်းထပ်ဝင်လာမည်ကို စိုးရိမ်သည့် အတွက် မပြန်လာရဲကြသေးဘူးလို့လည်း ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် တို့သည် ရွှေရောင်ပြကျေးရွာထဲ ဆိုင်ကယ်ဖြင့် ပြန်လာသည့် ဒေသခံ စောဒေါ်လာကို အကြောင်းမဲ့ ပစ်သတ်ဖြတ် သွားခဲ့သည်ဟု KNU သထုံခရိုင်က သြဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထဲ စစ်ကြောင်း ထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့သည် ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲ ခြင်း၊ မထင်ရင် မထင်သလို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...