အာဆာက ဖမ်းသွားသည့် မွတ်ဆလင်နှစ်ဦး သတင်းအစအနမရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရဟုဆို

အာဆာက ဖမ်းသွားသည့် မွတ်ဆလင်နှစ်ဦး သတင်းအစအနမရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြီးခဲ့ရက်ပိုင်းက အာဆာ (ARSA) က ဖမ်းဆီးသွားသည့် မွတ်ဆလင် စီးပွားရေးသမားနှစ်ဦးနှင့် ပတ်သက်၍ သတင်းအစအန မရသဖြင့် ၎င်းတို့၏ အသက်အန္တရာယ်ကို မိသားစုဝင်များက အထူးစိုးရိမ်နေကြသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ ဦးဆာလာမန်ခန်း(ခေါ်) ဦးလှဝင်း အသက် ၃၂ နှစ်နှင့် ဦးအာရာဖတ် အသက် ၃၄ နှစ်တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် သြဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်း ကျေး ရွာသို့ အိမ်စီးကားတစ်စီးဖြင့် သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ (ARSA) လက်နက် ကိုင်အဖွဲ့မှ အဖွဲ့ဝင် ၂ဝ ကျော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်များ၏ ပြောပြချက်အရ သိရ သည်။

ဖမ်းဆီးသွားသည့်နေ့မှ ယနေ့တိုင် ၎င်းတို့နှစ်ဦးနှင့် ပတ်သက်ပြီး မည်သည့် အဆက်အသွယ်၊ သတင်းအစအနမျှ မရ၍ မိသားစုများ အလွန်တရာစိုးရိမ်နေသည်ဟု ဖမ်းဆီးခံရသူ ဦးလှဝင်း၏ သူငယ်ချင်းတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အခုထိ သူတို့နဲ့ အဆက်အသွယ်လည်း မရသေးဘူး။ သတ်ပစ်လိုက်ပြီလား၊ ဘယ်လိုလုပ်လိုက်ပြီလဲ ဆိုတာ လည်း လုံးဝ သတင်းမရသေးဘူး။ လွှတ်လည်း မလွှတ်ပေးသေးဘူး။ အသက်အန္တရာယ်တွေကို စိုးရိမ်နေကြ ပါတယ်။ ကျနော်တို့ပါ၊ မိသားစုပါ ဝမ်းနည်းနေကြပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးလှဝင်းသည် ငါးပုစွန်လုပ်ကိုင်သူ ဖြစ်ပြီး ဦးအာရာဖတ်မှာ ဦးလှဝင်းနှင့်အတူ အလုပ်လုပ် နေသူဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့်နေ့က ဦးဆာလာမန်ခန်း(ခေါ်) ဦးလှဝင်း နှင့် ဦးအာရာဖတ်တို့ နှစ်ဦးစီးလာသည့် ကားကိုလည်း ARSA အဖွဲ့က မီးရှို့သွားခဲ့ကြောင်း မျက်မြင်များ က ပြောသည်။

ထိုသို့ ကားကို မီးရှို့ပြီးသည်နှင့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးကာ ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကြော ဘက် သို့ ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...