ပုလောတွင် စျေးသည်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ပုလောတွင် စျေးသည်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာတွင် ဆိုင်ကယ်ဖြင့် တနိုင်တပိုင် စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ စျေးထွက်ဝယ်သည့် မမီးကမ်းဆို သည့် အမျိုးသမီးသည် ပလမြို့၊ လမ်းသစ်လမ်းဆုံနေရာတွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်တို့က ဖမ်းဆီး သွားခြင်း ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “အဲ့နားမှာ စစ်သားတွေ ပုံမှန်စစ်လေ့မရှိဘူး။ ‌ရှေ့နေ့တွေက ပြည်သူ့စစ်အိမ်တွေ မီးရှို့ခံရပြီးကတည်းက ကား ငယ်နှစ်စီးနဲ့ နေ့နေ့ညည လှုပ်ရှားနေကြတာ။ ဘာကြောင့် ဖမ်းခံရတယ်တော့ မသိ ဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် မမီးကမ်းသည် ပလမြို့မှ ဟင်းသီးဟင်းရွက်၊ အသားငါးများကို ဆိုင်ကယ်ဖြင့် သွားဝယ်ပြီး ဇရပ်ဆိပ်ရွာအတွင်း ပြန်လည်ရောင်းချနေသည်ဟု ဆိုသည်။

လက်ရှိတွင် မမီးကမ်းနှင့် ၎င်းစီးနင်းလာသည့်ဆိုင်ကယ်ကို ပလမြို့ရဲစခန်းတွင် ဖမ်းဆီး သိမ်းဆည်းထားသည်ဟု သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပလမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရဲစခန်းအနီးက စစ်ကောင်စီနှင့် ပတ်သက်ဆက် နွယ်သူ ဆိုသည့် နေအိမ်နှစ်လုံး မိုင်းခွဲမီးရှို့ခံခဲ့ရသည်။

ထို့နောက် စစ်ကောင်စီတပ်များက ကျေးရွာများဘက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြောက်လှန့် ပစ် ခတ်မှု ပြုလုပ်နေသည့်အပြင် ကင်းလှည့်ခြင်းများကိုလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများ၊ အရပ်သား ဖမ်းဆီးခံရ မှုများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေခြင်းလည်း ရှိနေသည်ဟု ဆိုသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...