ကျိုက်ထို KRF အဖွဲ့ဝင်နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ကျိုက်ထို KRF အဖွဲ့ဝင်နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ဝင် ကိုရဲသွေးနီ၏ ယောက္ခမနေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကိုရဲသွေးနီ နေထိုင်ခဲ့ဖူးသည့် ယောက္ခမနေအိမ်ကို စစ်ကောင် စီ လက်အောက်ခံ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတို့က သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ပိုင်းအချိန်ခန့်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု ဆိုသည်။

ကိုရဲသွေးနီသည် သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာ ရှင်ကို လက်နက်ကိုင်ပြီး ဆန့်ကျင်တော်လှန်ခဲ့သလို ကျောင်းဆရာမဖြစ်သည့် ဇနီးဖြစ်သူကလည်း အကြမ်းမ ဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီကတော့ ကိုရဲသွေးနီကို သေဒဏ်၊ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀-ည၊ ၅၂-က အပါအဝင် ပုဒ်မပေါင်း ၁၀ ခုထက်မနည်းဖြင့် အမှုဖွင့်ထားသည်ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ကိုရဲသွေးနီသည် ကျိုက်ထိုမြို့၊ ဂွတ်ရှယ်ထမင်းဆိုင် ဗုံး ပေါက်ကွဲမှု၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ် ပစ်ခတ်မှု၊ ကင်မွန်းချောင်ကျေးရွာ ပစ်ခတ်မှုအပြင် ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းမြို့နယ်အတွင်းက အကြမ်းဖက် သတ်ဖြတ်မှုများကို ကိုယ်တိုင်သော်လည်းကောင်း၊ နောက် ကွယ်မှ ပံ့ပိုးပေးခြင်းဖြင့်သော် လည်းကောင်း ကျူးလွန်လျက်ရှိသည်ဟု ရေးသားဖေါ်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် ပါတီဝင်များ ပါတီထောက်ခံသူတို့၏ နေအိမ် ၁၂ လုံးထက်မနည်း ချိပ်ပိတ်သိမ်းဆည်း ခံထားရသည်။

စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ အတွင်းက ထုတ်ပြန်ထားသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...