ထားဝယ်အရှေ့တောဒေသကို ဆန်၊ ဆေးဝါးသယ်ရင် ဖမ်းမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

ထားဝယ်အရှေ့တောဒေသကို ဆန်၊ ဆေးဝါးသယ်ရင် ဖမ်းမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ဆန်၊ ဆေးဝါးများသယ်ဆောင်လျှင် လူကို ဖမ်း ဆီးပြီး ပစ္စည်းများသယ်ဆောင်လာသည့်ကားကိုပါ သိမ်းဆည်းမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြော ဆိုနေကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့အထွက် ဗျောတောဝရပ်ကွက် စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကစပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်ထားကာ ယခုလို ခြိမ်းခြောက်ပြောဆိုမှုများရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆန်နဲ့ ဆေးတင်လာရင် လူရော၊ ကားရော ဖမ်းမယ်လို့ ပြောတယ်။ ဆိုင်ကယ်တွေ သုံးဘီးတွေလည်း မရဘူး ပြောတယ်။ ဆန်သုံးလေးပြည်တောင် ပေးမသယ်တော့ဘူး” ထားဝယ်အရှေ့တောဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်အရှေ့တော ဒေသကို ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းခန့်ကစပြီး စစ်ကောင်စီက ရိက္ခာနှင့် ဆေးဝါး သယ် ယူခွင့် ကန့်သတ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပိုမိုတင်းကြပ်လာသည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆန်နှင့် ဆေးဝါး သယ်ခွင့် ပိတ်လိုက်သည့်အတွက် ဒေသခံပြည်သူများ အငတ်ဘေးဆိုက်သည့် အခြေ အနေနှင့် ကြုံတွေ့လာနိုင်ပြီး ကျန်းမာရေးအခက်အခဲများလည်း ပိုများလာနိုင်သည်လို့ ဒေသခံတွေက ပြောသည်။

“ပိတ်တာတော့ အစကတည်းက ပိတ်ထားတာပဲ။ ဒါပေမယ့် နည်းနည်းပါးပါးဆိုရင်တော့ သယ်လို့ရသေးတယ်။ အခုလို လုံးဝပိတ်လိုက်တော့ ဒီမှာနေတဲ့ ပြည်သူတွေက ဘာသွားစားရတော့မလဲ” ဟု အခြားအရှေ့တော ဒေသခံ တစ်ဦးက ဆိုသည်။

ထားဝယ်အရှေ့တောသွားသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး ဗျောတောဝဂိတ်၊ ရှစ်မိုင်ဂိတ်နှင့် ပကာရီဂိတ်တို့ကို ဖြတ်သန်းသွားလာနေသည့် ဒေသခံများကို စစ်ဆေးရှာဖွေခြင်း၊ ငွေတောင်းခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဆိုကြသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...