ရေဖြူမြို့နယ်၊ ဧကနိရွာက နေအိမ် ၄၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

ရေဖြူမြို့နယ်၊ ဧကနိရွာက နေအိမ် ၄၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဧကနိကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ နေအိမ်အလုံး ၄၀ ခန့် မီးလောက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းအချိန်ခန့်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ် ခတ်ခဲ့ပြီး ဧကနိကျေးရွာရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း နေအိမ်အလုံးရေ ၄၀ လုံးခန့် မီးလောက်ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ည ၈ နာရီလောက်အထိကို မီးက လောင်နေတာ။ အိမ်တွေကို အတန်းလိုက် မီးရှို့ လိုက်တာ။ လက်ရှိမှာတော့ ဘယ်သူမှ ရွာနားမကပ်ရဲသေးဘူး” ဟု ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များသည် ဧကနိကျေးရွာတဝိုက်တွင် ရှိနေဆဲဖြစ်ပြီး နေအိမ်များကို ဖောက် ထွင်းကာ တန်ဖိုးကြီးပစ္စည်းများ ခိုးယူမှု လုပ်နေသည်ဟုလည်း ဆိုကြသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းကလည်း ဧကနိကျေးရွာအနီး တောထဲတွင် စစ်ဘေးရှောင်နေကြသည့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သေး သည်။

ဝါးဇွမ်းတောကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ကလည်း နေအိမ် နှစ်လုံးနှင့် တဲတစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိ၊ ရငဲ၊ ဝါး ဇွမ်းတော၊ ကုန်းသာယာအင်း အစရှိသည့် ကျေးရွာသို့ ဩဂုတ်လ ၉ ရက်နေ့က ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ လေးထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေး နေကြရပြီး အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အကူအညီများ လိုအပ်နေကြသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ကစပြီး လဲရှောင်၊ ထိန်ကြီး၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းကျေးရွာများကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုး သမီး နှစ်ဆယ်ထက် မနည်းကို ဖမ်းဆီးထားပြီး အချို့ကိုသာ ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...