ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ရိုးရာ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ) ကျင်းပပြုလုပ်

ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ရိုးရာ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ) ကျင်းပပြုလုပ်

ယမန်နေ့ (သြဂုတ်လ (၁၄)ရက်နေ့) မှာ ကယား (ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ရွာတွင် ကရင်နီ ရိုးရာဓလေ့ဖြစ်တဲ့ ပေါ်ကေးနော်ဒူပွဲ (နတ်မင်းကြီး ပူဇော်ပွဲ) ကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ရိုးရာပွဲဟာ ရှေ့ဘိုးဘွား လက်ထဲကတည်းက အစဥ်အလာအရ ကျင်းပလာတဲ့ ပွဲ ဖြစ်ပြီး (၇)နှစ်မှာ တစ် ကြိမ်သာ ကျင်းပ ပြုလုပ်ရတဲ့ပွဲ ဖြစ်ပါတယ်။ ထိုပွဲကို  မကျင်းပခင်မှာ ဓလေ့အရ  (၃)ရက်တာ တောလိုက်ပွဲကို ဦးစွာ ပြုလုပ်ခဲ့ကြပါတယ်။

တောလိုက်လို့ ရရှိလာတဲ့ တောကောင်တွေကို ပေါ်ကေးနော်ဒူ (နတ်မင်ကြီး ပူဇော်ပွဲ) မှာ ပြန်လည် ပူဇော်ပသကြ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်၊ ဝက်၊ နွားတွေနဲ့လည်း ပူဇော်ရတယ်လို့ ဆိုပါတယ်။

အခြေအနေအရ တိုင်းပြည်မှာ ဘယ်လောက်ပဲ မတည်ငြိမ်မှုတွေ ရှိနေပါစေ၊ မိမိတို့ ရဲ့ ရိုးရာကို ကျင်းပဖို့ အချိန် အခါ ရောက်ရှိလာရင်တော့ သေနတ်သံတွေ ကြားထဲမှာလည်း ကြိုးစားပြုလုပ်သွားရမှာဖြစ်ပြီး အဆိုပါသေနတ် ကျည်ဆံတွေရဲ့ ထိခိုက်မှုကနေ ရေမြေသခင်တွေက ကျနော်တို့ကို စောင့်ရှောက် ပေးမယ်လို့ သက်ကြီးပိုင်း ရပ်မိ ရပ်ဖ တစ်ဦးက လူငယ်တွေကို ရှင်းပြပါတယ်။

“အခုက ပေါ်ကေးနော်ဒူ (နတ်မင်းကြီး ပူဇော်ပွဲ) ပေါ့။ (၇)နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်တယ်။ အခုက ကျနော်တို့ ထွက်ရပြေးရတယ်။ ရက်၊လ၊နှစ် ရောက်ရှိလာပြီ။ ကျနော်တို့ ပူဇော်ပွဲတွေ ပြုလုပ်ရမယ်။ ရေမြေ ရှင်သခင်က ကျနော်တို့ကို စောင့်ရှောက်မယ်ဆိုပြီး ကျနော်တို့ ကလေးတွေကို ပြောပြတယ်။ ကျနော်တို့ ကြိုးစားရမယ်။ မကြိုးစားလို့ မရတော့ဘူး။ သေနတ်သံပေါက်တာ ပေါက်မှာပဲ။ သူ့သူ တစ်ခြားနေရာမှာ ဖောက်ကြလိမ့်မယ်။ ကျနော်တို့ ရိုးရာကို ကျနော်တို့ ပူဇော်ရမယ်။ ကျနော်တို့ ရဲ့ကလေးတွေက ကြားထဲကနေ လွတ်မြောက်သွား လိမ့် မယ်။ တူတူကြိုးစားကြမယ်လို့ ကျနော်တို့ ရဲ့ ကလေးတွေကို ပြောပြတယ်။”

ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူတွေကတော့ အဆိုပါ ပူဇော်ပွဲတွေကို ကျင်းပပြုလုပ်ပြီးသွားရင် မကောင်းမှု တွေ ပပျောက်ပြီး ကောင်းမှုတွေ ရောက်ရှိလာမယ်လို့ ယုံကြည်ထားကြတာပါ။

သက်ကြီးပိုင်း ရပ်မိရပ်ဖက “ကျနော်တို့ ပူဇော်ပွဲ လုပ်ပြီးပြီဆိုရင် ကျနော်တို့ အလုပ်လုပ်ရင်လည်း ပိုကောင်းလာ ရမယ်။ တောစောင့်နတ် တောင်စောင့်နတ်တွေက ကျနော်တို့ကို စောင့်ရှောက်မယ်။ နာမကျန်းလည်း မဖြစ်တော့ ဘူး။ နေလို့ထိုင်လို့ ပိုကောင်းလာမယ်” ဆက်ပြောပါတယ်အဆိုပါ ပေါ်ကျေးနောဒူ ပွဲ ပြုလုပ်တဲ့ ကျေးရွာဒေသခံ အများစုဟာ လက်ရှိမှာ စစ်ရှောင်နေကြရတာ ဖြစ်ပြီး ကျေးရွာ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်သာ ပြန်လာနေထိုင်ကြတာ ဖြစ်ပါတယ်။

ဒီနှစ်ပူဇော်ပွဲရဲ့ ရလဒ်ကတော အလွန်ကောင်းမွန်ပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်လာစေမယ်လို့ ယုံကြည် ထားကြပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...