ကင်မွန်းချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ရဲစခန်းမှ ပြန်ပစ်သည့် လက်နက်ကြီး အမျိုးသမီးတစ်ဦးကို ထိမှန်

ကင်မွန်းချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ရဲစခန်းမှ ပြန်ပစ်သည့် လက်နက်ကြီး အမျိုးသမီးတစ်ဦးကို ထိမှန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကင်မွန်းချောင်းနယ်မြေ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း အချိန် ခန့်က ဒရုန်းဖြင့် နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်က လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အဆိုပါ ရဲစခန်းဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲစခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရောင်ခြည်ဦးရပ်ကွက်ရှိ အောင်မုန့်တီဖိုနား ကျကွဲခဲ့ရာ ပဲပြုတ်ရောင်းနေသည့် အသက် ၄၀ နှစ်အရွယ် ဒေါ်သီတာဆိုသည့် အမျိုးသမီး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

“ရဲစခန်းဘက်ကနေ ရမ်းပြီး ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက လူနေရပ်ကွက်ထဲကျကွဲတော့ အမျိုးသမီး တစ်ဦး ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကင်မွန်းချောင်းရစခန်း ပစ်ခတ်မှုဖြစ်စဥ်အတွင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြု နိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်‌ခြေရှိ ကင်မွန်းချောင်းနယ်‌မြေရဲစခန်းကို ပြီးခဲ့သည့် ဧပြီနှင့် ဇွန်လတုန်းက လည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ကင်မွန်းချောင်း နယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...