လောင်းလုံး ပစ်ခတ်မှုတွင် စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးဟု LLPDF ဆို

လောင်းလုံး ပစ်ခတ်မှုတွင် စစ်ဗိုလ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးဟု LLPDF ဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်တစ်ဦး နှင့် ပျူစောထီးတစ်ဦး သေဆုံးပြီး၊ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(LLPDF) တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျောက်နီမော်ကျေးရွာမှ ကျောက်ဝပ်ပြင်ကျေးရွာဘက်သို့ ထွက်လာသည့် အင်အား ၁၀ ဦးခန့်ပါ စစ်ကောင်စီကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို LLPDF မှ  အသင့် စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် မိနစ် ၂၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာ အခြေစိုက် ခမရ (၄၁၀) တပ်ရင်းမှ ဗိုလ်ကြီးဝေမင်းသူနှင့် ပျူစောထီး စုကမ်းတို့ နှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး သုံးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသည်ဟု LLPDF က ပြောသည်။

“အဲဒီတိုက်ပွဲမှာက စစ်ဗိုလ် တစ်ဦးသေတယ်။ ပြီးတော့ နာမည်ကြီး ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ရဲ့ တပည့် ညာလက်ရုံး စုကမ်းလည်း သေသွားတယ်။ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပြီး မကြာခင်မှာပဲ စစ်ကူတွေ ရောက်ချ လာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ဗိုလ်ကြီးဝေမင်းသူနှင့် ပျူစောထီး စုကမ်းတို့၏ ရုပ်အလောင်းကို ကျောက်နီမော်ကျေးရွာ သုဿန်တွင် သြဂုတ်လ ၉ ရက်နေ့က သင်္ဂြိုဟ်ခဲ့ကြောင်း LLPDF က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထားဝယ်မြို့မှ ရေကြောင်းဖြင့် ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

ထို့အပြင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့်  မလိုလားအပ်ပဲ ခရီးမသွားကြရန် သတိပေးထုတ်ပြန်ထားသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...