သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီး တရားမဝင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိထားသည်။

ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့ဘက်ကို မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် မြေသယ်ယာဥ် ၄ စီး ဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ် ကားလမ်း   ရွာသာယာကျေးရွာအနီးတွင် သက်ဆိုင်ရာတို့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် တရားမဝင် ရိုဟင်ဂျာများတွင် ကျား ၁၂၇ ဦး၊ မ ၁၈ ဦး ပါဝင်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

“သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ထွက်လာတာလို့ စစ်ဆေးပေါ် ပေါက် တယ်။ သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ လှေကပ်ပြီးတော့ (မြေသယ်ယာဥ်) တွေနဲ့ ခေါ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိထားသည့် တရားမဝင် ရိုဟင်ဂျာများကို လက်ရှိတွင် သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ် အား ကစားကွင်းတွင် ယာယီထားရှိထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြသည်။

ထို့အပြင် ရိုဟင်ဂျာများ တင်ဆောင်လာသည့် ယာဥ်ပိုင်ရှင်ကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ဆို သည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့် အပြင် အချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...