သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်တွင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာအနီး တရားမဝင် ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးရမိထားသည်။

ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့ဘက်ကို မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် မြေသယ်ယာဥ် ၄ စီး ဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ် ကားလမ်း   ရွာသာယာကျေးရွာအနီးတွင် သက်ဆိုင်ရာတို့က ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် တရားမဝင် ရိုဟင်ဂျာများတွင် ကျား ၁၂၇ ဦး၊ မ ၁၈ ဦး ပါဝင်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

“သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ထွက်လာတာလို့ စစ်ဆေးပေါ် ပေါက် တယ်။ သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ လှေကပ်ပြီးတော့ (မြေသယ်ယာဥ်) တွေနဲ့ ခေါ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိထားသည့် တရားမဝင် ရိုဟင်ဂျာများကို လက်ရှိတွင် သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ် အား ကစားကွင်းတွင် ယာယီထားရှိထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြသည်။

ထို့အပြင် ရိုဟင်ဂျာများ တင်ဆောင်လာသည့် ယာဥ်ပိုင်ရှင်ကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ဆို သည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့် အပြင် အချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...